Main menu

Background

The Middle East, Africa & Asia Rice Summit တက်ရောက်ရန် ဆန်စပါးကုန်သည်ကြီးများ ဥက္ကဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

Sun, 06/28/2009 - 14:21 -- cjadmin

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ မှာ ဇွန်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် Middle East-Africa-Asia Rice Summit 2009 တက်ရောက် ဖို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီး များ အသင်းဥက္ကဌ ဦးအောင်သန်းဦး ဦးဆောင်တဲ့ လုပ်ငန်းရှင် ၁၆ ဦးဟာ ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှာ မြန်မာနိုင်ငံမှ ထွက်ခွာသွားတယ်လို့ သိရပါတယ်။ ကမ္ဘာတစ်ဝန်း ဆန်ရောင်းဝယ်တဲ့ နိုင်ငံများ စုစည်း တွေ့ဆုံမယ့် ယင်းဆွေးနွေးပွဲမှာ အရည်အသွေး မြင့်ဆန်များ တိုးချဲ့ရောင်းချနိုင်ဖို့ မြန်မာနိုင်ငံဟာ ဆန်တင်ပို့တဲ့ ကုမ္ပဏီတစ်ခုချင်းရဲ့ လာမဲ့ ဆန်ရောင်းရာသီချိန် ၂၀၀၉ ဒီဇင်ဘာမှ ၂၀၁၀ မေလအတွင်း လစဉ်ရောင်းချ နိုင်မယ့် ဆန်ပမာဏနဲ့ ဆန်အမျိုး အစား၊ အရည်အသွေးများကို စုစည်း တင်ပြပြီး ဈေးကွက် ရှာဖွေ သွားမယ်လို့ သိရပါတယ်။ ရောင်းချနိုင်မယ့် ဆန်အမျိုးအစား၊ အရည်အသွေးများကိုလည်း နမူနာအတွက် ပြင်ဆင်သယ်ယူသွားမယ်လို့ ဆန်ကုန်သည်များ က ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နှစ်စဉ် ဆန်ထုတ်လုပ် စားသုံး ပိုလျှံမှု အခြေအနေတွေနဲ့ နိုင်ငံအလိုက် နှစ်စဉ်တင်ပို့မှုနဲ့ ဈေးနှုန်းအခြေအနေ၊ ၂၀၀၉-၂၀၁၀ မှာ တိုးတက် ထွက်ရှိမယ့် အလားအလာတို့ကို တင်ပြဆွေးနွေး သွားမယ်လို့ ဆိုပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာ အရည်အသွေးမြင့်ဆန်များ တိုးတက် ထုတ်လုပ်ရေး ဆောင်ရွက်လျက်ရှိရာ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှ ဒေသ ဈေးကွက်သစ်များကို အရည်အသွေးမြင့်ဆန်များ ထိုးဖောက် ဝင်ရောက်တင်ပို့နိုင်ရေး ဆွေးနွေးသွား မယ်လို့ ဆန်ကုန်သည်ကြီးများအသင်း ဥက္ကဌက ပြောကြားခဲ့ပါတယ်။ လင်းရောင်ခြည်