Main menu

Background

Mitsubishi အင်ဗာတာပန့်

Sat, 01/16/2010 - 14:38 -- Anonymous (not verified)

ွှ     Torrent (2) Mitsubishi  အင်ဗာတာပန့်၏ ထူးခြားချက်မှာ Inverter စနစ်ပါသောကြောင့် ပိုက်ခေါင်းများမှထွက်သော ရေအားပမာဏကို လျော့နည်းသွားစေခြင်းမရှိဘဲ တည်ငြိမ်မှုရှိစေပါသည်။ Auto Pump အမိုျးအစားဖြစ်ပြီး အသုံးပြုလိုသော ပိုက် ခေါင်းများကို ဖွင့်လိုက်သည်နှင့် Pump  က အလိုအလျောက် မောင်းနှင်ပြီး ပိုက်ခေါင်းပြန်ပိတ်လိုက်သည်နှင့် Pump လည်ပတ်မှု အလိုအလျောက် ရပ်တန့် သွားသည်။ အင်ဗာတာပန့်စနစ်ဆိုသည် မှာ ပန့်တွင်သုံးသော Motor ၏အရှိန်ကို Frequency အနည်းအများထိန်းညှိ ပေးခြင်းဖြင့် ရေအားပမာဏ (water pressure) ကို တည်ငြိမ်အောင် ထိန်းနိုင် ခြင်းဖြစ်သည်။ အသုံးပြုသည့် ရေပိုက် ခေါင်းများ အနိမ့်အမြင့်မတူသော်လည်း ပိုက်များမှထွက်သည့်ရေအားပမာဏ တူညီစေရန် အင်ဗာတာပန့်က အလို အလျောက်ထိန်းပေးနိုင်သည်။ အင်ဗာ တာပန့်တွင် Microprocessor ၏ စနစ် ဖြင့် ထိန်းခုျပ်မောင်းနှင်ခြင်းကြောင့်  သာမန် pressure pump များ ထက်တိ ကျစွာ လုပ်ဆောင်နိုင်သည်။ ပန့်ဒလက် ကို သံချေးမတက်စေရန်လည်း stainless steel ဖြင့် ပြုလုပ်ထားသည်။ Mitsubishiအင်ဗာတာပန့်တစ်လုံးကို ကျပ်တစ်သိန်းခွဲဝန်းကျင်ဈေးနဲ့ ဗိုလ်တ ထောင်မြို့နယ် ဗိုလ်တထောင်ဘုရား လမ်းအမှတ် ၁၃၇/ ၁၃၉ က PEACE MYANMAR ELECTRIC Co,Ltd. မှာ ဝယ်လို့ရပါတယ်။