Main menu

Background

Nafed နဲ့ STC တို့မှ ပဲမျိုးစုံတင်သွင်းဖို့တင်ဒါခေါ်

Sat, 01/23/2010 - 12:13 -- Anonymous (not verified)

       အိန္ဒိယနိုင်ငံပိုင်အေဂျင်စီဖြစ်တဲ့ Nafed ဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ အရှေ့ဘက်ကမ်းခြေကို အရောက်ပို့ရမယ့် ကနေဒါ ပဲဝါလေး တန်ချိန် ၂၅ဝဝဝ တင်သွင်းဖို့ တင်ဒါကို ဇန်နဝါရီလ ၁၁ ရက်နေ့ ၎င်းရဲ့ ဝက်ဘ်ဆိုဒ်မှာခေါ်ယူထားပါတယ်။ ဒါ့အပြင် နောက်ထပ်တင်ဒါအနေနဲ့ မတ်ပဲ၊ ပဲတီစိမ်းနဲ့ ပဲစင်းငုံတန်ချိန် ၅ဝဝဝ စီ ဒါမှမဟုတ်၊ ဒီထက်ပိုပြီ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့ ပါတယ်။ အဲဒီပဲတွေကို မြန်မာနိုင်ငံက တင်သွင်းသွားမှာဖြစ်ပြီး ဖေဖော်ဝါရီနဲ့ မတ်လအတွင်း မွန်ဘိုင်း ဒါမှမဟုတ် ချန်နိုင်း ဆိပ်ကမ်းများကို တင်ပို့သွားရမယ်လို့ဆိုပါတယ်။ အဲဒီတင်ဒါ ၂ ခုလုံး အတွက် နောက်ဆုံးရက်ကတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ဖြစ်ပါတယ်။      နိုင်ငံပိုင်အေဂျင်စီတစ်ခုဖြစ်တဲ့ STC ကုမ္ပဏီဟာ ဖေဖော်ဝါရီလနဲ့မတ်လအတွင်း  အရောက်ပို့ရမယ့် မြန်မာနိုင်ငံက ပဲမျိုးစုံ တန်ချိန် ၆ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်ယူခဲ့ပါတယ်။ တင်သွင်းမယ့်ပဲတွေကတော့ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတန်ချိန် ၂ဝဝဝ စီ  ဖြစ်ပြီး တင်ဒါနောက်ဆုံးရက်ကတော့ ဇန်နဝါရီလ ၁၉ ရက်နေ့ဖြစ်တယ်လို့သိရပါတယ်။ Source: money control.com