Main menu

Background

Santini International Training Academy အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်း မြန်မာနိုင်ငံတွင်စတင်ဖွင့်လှစ်

Thu, 01/28/2010 - 02:50 -- Anonymous (not verified)

    အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို အဓိကသင်ယူလိုသူများအတွက် ဟိုတယ်အသက် မွေး ဝမ်းကျောင်းဆိုင်ရာ သင်တန်းများ၊ ကုန်ပစ္စည်းရောင်းချရေးသင်တန်းများ၊ ကုန်သွယ်လေကြောင်း ဆိုင်ရာ သင်တန်းများ၊ အခမ်းအနားအမျိုးမျိုးအတွက် အစားအသောက်များဧည့် ခံကျွေးမွေးရေး သင်တန်းများ၊ ကွန်ပျူတာသင်တန်းများကို Panache Services Company Limited မှ Santini International  Training Academy ကျောင်း အသစ်ကိုမြန်မာနိုင်ငံ စတင်ဖွင့်လှစ် ပြီဖြစ်ကြောင်းသိရသည်။    အဆိုပါအဖွဲ့သည် ဒူဘိုင်း၊ ဒိုဟာ၊ ဒေလီ၊ နီပေါ၊ ဒါကာ၊ ဘုံဘေနှင့် ယခုမြန်မာ နိုင်ငံတွင် အသစ်ဖွင့်လှစ် လိုက်ခြင်းဖြစ် သည်။ သင်ကြားပေးမည့်သင်တန်းများသည် City & Guild နှင့် American Hotel & Lodging Association (AHLA) မှ အထူးအသိအမှတ်ပြုပြီး၊ နိုင်ငံတကာရှိ ဟိုတယ် ၂၅ဝဝ ကျော်၊ ဟို တယ်အပါအဝင် ဝန်ဆောင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း အဖွဲ့အစည်းများမှ အသိအမှတ်ပြုထားကြောင်းသိရသည်။    ''အခုလောလောဆယ်ဟိုတယ်  နဲ့ပတ်သက်တာတွေသင်ပေးမယ်။ Certificate Course ကိုအရင်ဖွင့်မယ်။ နောက်ပိုင်းကျမှ Diploma သင်တန်း တွေဖွင့်မယ်။ ဟိုတယ်တွေမှာဌာနမှူး လုပ်ခဲ့ဘူးတဲ့သူတွေကို ပဲဆရာ အဖြစ်ခန့်ထားတယ်။ တက်ရောက်မယ့်သူတွေက အနိမ့်ဆုံး ၁ဝ တန်းအောင်ဖို့လိုတယ်။ ဘာသာရပ်တိုင်းက All Englis ဖြစ်တဲ့ အတွက်အင်္ဂလိပ်စာကို လေ့လာထားဖို့လိုပါတယ်။    အထက်ပါသင်တန်းမှာ ပြည်တွင်း၊ပြည်ပမှာ ဟိုတယ်အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီများနှင့် သဘောတူစာချုပ် ချုပ်ဆိုထားသောကြောင့်သင်တန်း ပြီးဆုံးပါက အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိ စေမည်ဖြစ်ပြီး၊ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက် များကိုဖုန်း-ဝ၁-၃၈၃၇၄ဝ၊၂၅၆၉၃၈၊ Ext;8555 သို့ဆက်သွယ်မေးမြန်းနိုင် ကြောင်းသိရသည်။