Main menu

Background

Shangri-La Hotels and Resources မှ System ပိုင်း နှင့် ဟိုတယ်များ ထပ်မံတိုးချဲ့ရန်ရှိ

Thu, 01/28/2010 - 03:16 -- Anonymous (not verified)

     Shangri-La Hotels and Resources မှ  ဟိုတယ်များ တိုးခဲျ့ဆောက်လုပ်ရန်ရှိသလို System ပိုင်းတွင်လည်း တိုးမြှင့်ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။     ှShangri-La သည်ကမ္ဘာ့နိုင်ငံများတွင် အဆင့်မြင့်ဟိုတယ်များ ဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးလျက်ရှိရာ အာရှမှတစ်ဆင့် အမေရိကန်၊ လန်ဒန်၊ ယူအေအီး စသောနိုင်ငံများအထိ တိုးချဲ့ဆောက် လုပ်လျက်ရှိကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံရှိ Traders Hotel အပါအဝင် ဟိုတယ် ၆၉ လုံးရှိနေပြီး အလုံး  ၈ဝ အထိ ဆက်လက်တိုးခဲျ့ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါဟိုတယ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။    Traders ဟိုတယ်သည် နိုင်ငံတကာအဆင့်မီ ဟိုတယ်ကြီးတစ်ခုဖြစ်ပြီး ယခုနှစ်တွင် ဧည့်သည်ဝင်ရောက်မှု အပြည့်ရှိနေပြီး အခမ်းအနားများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ဆွေးနွေးပွဲများကိုလည်း နေ့စဉ်နီးပါး ကျင်းပပေးနေရ ကြောင်း သိရသည်။