Main menu

Background

Thailand -GMS Trade Fair and Cultural Show ပြပွဲ ဇန်နဝါရီလအတွင်း ချင်းရိုင်တွင်ကျင်းပသွားမည်ေ

Fri, 01/08/2010 - 03:26 -- Anonymous (not verified)

    ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် ၂ဝ၁ဝခုနှစ်ဇန်နဝါရီလ ၁၆ရက်မှ ၂၃ရက်ထိ   Thailand -GMS Trade Fair and Cultural Showပြပွဲကိုကျင်းပသွားမယ်လို့သတင်းရရှိပါတယ်။    အဆိုပါပြပွဲသို့ GMS အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ ထိုင်း၊တရုတ်(ယူနန်)၊ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုနဲ့ မြန်မာနိုင်ငံတို့မှ ပါဝင်ပြသ ကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ကုမ္ပဏီ ၁၃ခုက ကျောက်မျက်ရတနာနှင့် ပုလဲနဲ့ပြုလုပ်ထားသော လက်ဝတ် ရတနာများ၊ နန်းဝင်း ပတ္တမြား၊အဘထစတဲ့ဆေးများနဲ့ရွှေပြည်နန်း ၊ လှပဝတီသနပ်ခါးများကို သွားရောက်ပြသကြမယ် လို့သိရပါတယ်။    တာချီလိတ်မြို့မှတဆင့် နယ်စပ်ဖြတ်ကျော်ပြီး ချင်းရိုင်မှာကျင်းပမယ့် ပြပွဲကို သွားရောက်ကြမှာ ဖြစ်ပါတယ်။ကုန်စည်ပြပွဲနဲ့အတူ ယဉ်ကျေးမှုပြပွဲများလည်းပါဝင်မှာဖြစ်တဲ့အပြင် GMS စီးပွားရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲကိုလည်းတစ်ပါတည်း ကျင်းပသွားမှာ ဖြစ်တယ်လို့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ သတင်းရရှိပါ တယ်။