Main menu

Background

UK စီးပွားရေးသင်တန်းများ ပြည်တွင်း၌ပင် တက်ရောက်နိုင်

Mon, 01/18/2010 - 05:23 -- Anonymous (not verified)

    မြန်မာကျောင်းသူ၊ကျောင်းသား များအတွက် UK မှချီးမြှင့်သောနိုင်ငံ တကာအသိအမှတ်ပြု UK တက္ကသိုလ် ပထမနှစ်ဖြစ်သည့် International Diploma in Business  နှင့် ဒုတိယနှစ်ဖြစ် သည့် International Advanced Diploma in Businessစီးပွားရေးသင်တန်းများကို Regent Business Academy မှဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး Advanced Diploma အောင်မြင် ပြီးသူများအနေဖြင့်လည်း UK,Australlia  နှင့် Singapore စသည့်နိုင်ငံများတွင် ၁ နှစ် (သို့မဟုတ်) ၁ နှစ်ခွဲခန့် တက်ရောက်၍ BA (Hons),BCom,BBus စသည့်စီးပွား ရေးဘွဲ့များကိုရယူနိုင်ကြောင်းသိရသည်။       ''မြန်မာကျောင်းသူ၊ကျောင်းသား တွေအနေနဲ့ ပြည်တွင်းမှာပဲကုန်ကျစရိတ် သက်သာစွာနဲ့ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့ ရယူနိုင်ဖို့အတွက်ရည်ရွယ်ပြီး ဖွင့်လှစ်တာပါ။ မြန်မာပြည်မှာ ၂ နှစ်ခွဲတက်ရောက်ပြီး Advanced Diploma အောင် မြင်ပြီးမှ UK မှာ B.A (Hons) Business Management ဘွဲ့ကို နောက်ဆုံး ၁ နှစ်သာ တက်ရောက်မယ်ဆိုရင် ကုန်ကျစရိတ်များစွာ သက်သာစေပါတယ်။ နောက်ပြီးနိုင်ငံခြားမသွားဘဲပြည်တွင်း မှာ UK ကချီးမြှင့်တဲ့ စီးပွားရေးဂုဏ်ထူး တန်းဘွဲ့ B.Sc (Hons) Business Administration ဘွဲ့ကို ၁ နှစ်ဆက်တက်ရောက်သင်ယူနိုင်ဖို့လည်း စီစဉ်နေပါတယ်။ နောက် UK တက္ကသိုလ်ကချီးမြှင့် တဲ့ Master of Business  Administration  (MBA) ဘွဲ့ကိုလည်း မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေပြည်တွင်းမှာပဲတက် ရောက်နိုင်အောင် စီစဉ်ပြုလုပ်နေပါတယ်'' ဟု Regent မှတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။    B.Com,BBA,BA စသည့်စီးပွားရေး ဘွဲ့ရရှိထားသူများ NCC Diploma in Business, ABE Diploma(UK), Thames Higher Diploma in Business, ACCA (P art 1)  နှင့်ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ချီးမြှင့်သော Diploma in Management Administration  ရရှိပြီးသူများအနေဖြင့် IELTS ၆ ဒသမ ၅ ရရှိထားပါကInternational Advanced Diploma in Business သင်တန်းကို တိုက်ရိုက်တက် ရောက်သင်ကြားနိုင်ပြီး IELTS(၆ ဒသမ ၅) မရရှိထားသူများအနေဖြင့် Advanced certificate in Business သင်တန်းကို ၃ လမှ ၆ လအထိ ဦးစားပေးတက်ရောက်ရမည်ဖြစ်ကြောင်းနှင့် အသေးစိတ်အချက်အလက်များကို Regent Business Academy ၊ ဖုန်း ဝ၁-၅ဝ၄၃၆၉၊ ၇၂၆၈၂၆၊ ဝ၉၅ဝ-၁၉၈၇ဝ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။