Main menu

Background

ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးမြို့နယ်ဆုရ မုံရွာမြို့နယ်၏ ကျယ်ပြန့်ထွန်းကားလာမယ့်အသေးစားကုန်ထုတ်လုပ်ငန်းများ

Mon, 06/22/2015 - 20:55 -- journal_editor

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ မေလ ၁၅  ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ ကဏ္ဍအလိုက် စွမ်း ဆောင်ရည်ဆုများ ချီးမြှင့်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ဟာ၊ ဖွံ့ဖြိုးတိုးတက်မှု အကောင်းဆုံးမြို့နယ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့အတွက် မုံရွာသားတစ်ယောက် အနေနဲ့ ဂုဏ်ယူမိသလို  ကဏ္ဍကြီး  ၁၂ ရပ်ထဲကမြို့ပြဒေသ အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍကို ဦးဆောင် ပါဝင်ခွင့်ရလို့ ဌာနအတွက် ဂုဏ်ယူမိခဲ့ရပါတယ်။ဖွံ့ဖြိုးတိုးတက်မှု  အကောင်းဆုံးမြို့နယ်ဆုဆိုတာ ပုဂ္ဂလိက တစ်ဦးတစ်ဖွဲ့ကောင်းနဲ့ ရယူခြင်းမဟုတ်သလို စီးပွာရေး၊ လူမှုရေး၊ ကဏ္ဍတစ်ခုတည်းအောင်မြင်ရုံနဲ့   ရတဲ့ဆုမျိုးမဟုတ်ဘဲဒေသရှိ လူမှု စီးပွားဘဝတွေ  ဘက်စုံဖွံ့ဖြိုးနိုင်စေမယ့်   ကဏ္ဍကြီး ၁၂  ရပ်လုံးကို ကျရာတာဝန်ကနေ တစ်မြို့နယ်လုံး  စုရုံးပူးပေါင်းနိုင်မှ ရနိုင်တဲ့ဆု မျိုးဖြစ်လို့ဂုဏ်ယူထိုက်တဲ့ဆုအဖြစ် ခံယူထားခြင်းဖြစ်ပါတယ်။ဒီဆုအတွက် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်၊ တိုင်းများက ၁၄ မြို့နဲ့ နေပြည်တော်က တစ်မြို့ စုစုပေါင်း ၁၅   မြို့ ပါဝင်ယှဉ်ပြိုင် ခြင်းဖြစ်တဲ့အတွက်   တိုင်းဒေသအသီးသီး    ကိုယ်စားပြုမြို့နယ် အားလုံးဟာ သတ်မှတ်စည်း မျဉ်းများအပေါ် စွမ်းဆောင်နိုင်မှုရလဒ် တွေနဲ့ ယှဉ်ပြိုင်ကြရပါတယ်။ မြို့နယ်တစ်ခုရဲ့  ဖွံ့ဖြိုးတိုးတက်မှုကို ကဏ္ဍကြီး  ၁၂ ရပ်ရဲ့စံရမှတ်နဲ့  တိုင်းတာခဲ့ကြပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊ မွေးမြူရေး လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက် မှု၊ မြို့ပြအသေးစား၊  အလတ်စား  ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု၊   အသေးစားချေးငွေလုပ်ငန်းများ    ဖွံ့ဖြိုးတိုးတက်မှု၊
သမဝါယမလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု၊ ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စိုက်ပျိုးရေးနဲ့ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ အုပ်ချုပ်ရေးနှင့် လူမှုရေးရာလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ စတဲ့ကဏ္ဍ ၁၂ ရပ်အတွက် ပေးမှတ် ၁၄၅၀ သတ်မှတ် ထားခဲ့ရာ မုံရွာမြို့နယ်အနေနဲ့  အများဆုံးအမှတ်ရရှိအောင် စွမ်း ဆောင်နိုင်ခဲ့တဲ့အတွက် ခုလိုဆုမျိုးချီးမြှင့်ခံရခြင်း ဖြစ်ပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ မုံရွာမြို့နယ်မှာ အသေးစားကုန်ထုတ်လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ်   တာဝန်ယူထားရသလို စွမ်းဆောင်ရည်ဆုအတွက် ဒီကဏ္ဍကို ဦးဆောင်ကာ စက်မှုကြီးကြပ်ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနဲ့ အိမ်တွင်းစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန တွေနဲ့ပူးပေါင်းပြီး လိုအပ်တဲ့   အချက်အလက်တွေကို မှတ်တမ်း ဓာတ်ပုံပြုစုကာ လာရောက်စစ်ဆေးတဲ့အဖွဲ့တွေကိုမြို့နယ်အတွင်းရှိ လုပ်ငန်းတည်နေရာများအနှံ့ လိုက်လံရှင်းလင်းပြသခဲ့ပါတယ်။
မိမိတို့ အသေးစားအလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီရဲ့ စွမ်းဆောင်ခဲ့မှုကို  လေ့လာနိုင်ဖို့ အခုလို မျှဝေပေးချင်ပါတယ်။

အသေးစားစက်မှုလက်မှုလုပ်ငန်းများ
မုံရွာမြို့နယ်အနေနဲ့ ဒေသပတ်ဝန်းကျင်မှ စိုက်ပျိုးရေး ထွက်ကုန်များ စက်မှုကုန်ကြမ်းများကို ကုန်ချောအဖြစ် ပြုပြင် ထုတ် လုပ်ရာတွင် လုပ်ငန်းအောင်မြင်စေရန်စက်မှုဇုန်အဖြစ်တည်ဆောက် ပြီး ပြည်တွင်း၊ ပြည်ပ ပို့ကုန်များအဖြစ်ထုတ်လုပ်ကာ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများကို များစွာပွင့်လင်းစေနိုင်တာ အခု လိုတွေ့ရပါမယ်။

မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ
မုံရွာမြို့နယ်မှာ လူဦးရေစုစုပေါင်း ၃ဒသမ၇ သိန်းကျော်ရှိ တဲ့အနက် ကျေးလက်ဒေသတွေမှာ ၁ ဒသမ ၇ သိန်းခန့်နဲ့ မြို့ပြမှာ ၂ ဒသမ ၁ သိန်းခန့်ရှိတဲ့အတွက် မြို့ပြအင်္ဂါရပ်နဲ့ညီအောင်စည်ပင်သာ ယာရေးလုပ်ငန်းများကို ခုလိုဆောင်ရွက်လျက်ရှိတာတွေ့ရပါတယ်။


အိမ်တွင်းစက်မှုလက်မှုလက်ငန်းများ
မုံရွာမြို့အနေနဲ့ မြို့ပြအင်္ဂါရပ်နဲ့အညီ အိမ်တွင်စက်မှုလက်မှု လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်မှု အားကောင်းလာပြီး၊ ဒေသရှိပြည်သူများ ကို အလုပ်အကိုင်အခွင့်အလမ်းများနဲ့တစ်ဦးချင်းဝင်ငွေကို တိုးတက် လာစေမယ့် အောက်ပါလုပ်ငန်းများကို အောင်မြင်စွာလုပ်ကိုင်ဆောင် ရွက်လျက်ရှိတာ တွေ့ရပါတယ်။ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုးလုပ်ငန်းများမုံရွာမြို့နယ်နေနဲ့ ဒေသထွက်ကုန်ကြမ်းအမျိုးမျိုးကို တန်ဖိုး မြှင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်လျက်ရှိကြပြီး ထုတ်ကုန် ရှိရာ ဈေးကွက်ရောက်ရှိလာနိုင်ရေးအတွက်ကျေးရွာတစ်ရွာ ထုတ် ကုန်တစ်မျိုး (One Village One Product) အဖြစ် တွင်ကျယ်စွာလုပ် ငန်းဆောင်ရွက်နိုင်မှုကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့် အလမ်း များရရှိသဖြင့် လူမှုစီးပွားဘ၀ အသီးသီးမြင့်မားလာနိုင်စေတာ တွေ့ရပါတယ်။
မုံရွာမြို့နယ်အတွင်း  ဆောင်ရွက်လျက်ရှိကြတဲ့ OVOP လုပ် ငန်းများအနက်  နည်းပညာဈေးကွက်နဲ့  အရင်းအနှီးစတဲ့ အင်္ဂါ သုံး ရပ်နဲ့ ပြည့်စုံစွာဆောင်ရွက်လျက်ရှိတဲ့အသေးစားကုန်ထုတ်လုပ်ငန်း တချို့ကို အခုလို ကွက်ကောက်မိတ်ဆက်လိုက်ပါတယ်။
ပဲကြာဆံလုပ်ငန်း
မုံရွာမြို့နယ်မှာ ပဲကြာဆံစက်ရုံ ၃၈  ရုံရှိတဲ့အနက် မင်းရွာ အုပ်စုမှာ ၁၄ ရုံရှိကာ မင်းရွာကျေရွာတွင် ၈ ရုံ   တည်ရှိပါတယ်။ စက်ရုံတစ်ရုံရဲ့  ရင်းနှီးမြှုပ်နှံမှုမှာ  အနည်းဆုံး   ကျပ်သိန်း၅၀၀ ခန့် ရှိပြီး စက်ရုံတစ်ရုံလျှင် လုပ်သား ၃၀ ဦးမှ  ၅၀ ဦးထိ  အလုပ်အကိုင် ရရှိစေပါတယ်။  စက်ရုံမှထွက်ရှိတဲ့ ဘေးထွက်ပစ္စည်းပဲရည်၊ ပဲဖတ် များကို ဝက်၊ နွားစတဲ့မွေးမြူရေးအစာအဖြစ် ဖြန့်ဖြူးပေးနိုင်သဖြင့် မင်းရွာနဲ့တကွ  ပတ်ဝန်းကျင် ကျေးရွာများရှိ ပြည်သူများအတွက် အကျိုးရှိစေတာ တွေ့ရပါတယ်။

မြေပဲဆားလှော်လုပ်ငန်း
မုံရွာမြို့နယ်၊   မအူကျေးရွာရဲ့  အဓိကထုတ်ကုန်တစ်မျိုးဖြစ် ကာ လက္ကားလုပ်ငန်းရှင် ၁၆ ဦးနဲ့  လက်လီလုပ်ကိုင်သူ ၁၀ ဦးရှိပါတယ်။ ပဲလှော်ဖိုတစ်ခုမှာ လုပ်သား ၁၀ ဦးမှ ၂၅  ဦးအထိရှိပြီး ထွက်ရှိတဲ့ မြေပဲဆားလှော် ၊ပဲလှော်အမျိုးမျိုး စတဲ့ကုန်ချောများကို ရွာခံပြည်သူ များက လက်လီဖြန့်ဖြူးရောင်းချခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိစေကာဒေသခံပြည်သူအတွက် ဝင်ငွေရရှိစတဲ့ ဥဠဥဏ လုပ်ငန်းတစ်မျိုးအဖြစ် နှစ်ပေါင်းများစွာရပ်တည် ခံစားရရှိနေတာ တွေ့ရပါတယ်။

ဂွမ်းစောင်လုပ်ငန်း
မုံရွာမြို့နယ်၊   ကြေးမုံနဲ့  မုံရွေးကျေးရွာ နှစ်ရွာမှာ ဥဠဥဏ လုပ်ငန်းအဖြစ် ဂွမ်းကပ်စောင်ချုပ်လုပ်ငန်းဟာ ဈေးကွက်တွင်ကျယ် ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ဂွမ်းကပ်စောင်လုပ်ငန်းကို ကြေးမုံ ရွာက ၁၂ ဦး၊ မုံရွေးရွာက ၂၂  ဦး၊ ပေါင်း  ၃၄ ဦးတို့က အဓိက လုပ် ကိုင်လျက်ရှိပြီး လုပ်ငန်းရှင်တစ်ဦးလျှင် အနည်းဆုံး လုပ်သား  ၁၀ ဦးမှ ၃၀  ဦးရှိပြီး ကျေးရွာပြည်သူများအနေနဲ့  အားလပ်ချိန်များ တွင်ပါ  တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ကြတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့  တစ်ဦးချင်းဝင်ငွေကို  အမှန်ဖြည့်ဆည်းပေးနိုင်တဲ့ လုပ်ငန်းအဖြစ် ရပ်တည်နေပါတယ်။ အဓိကကုန်ကြမ်းအဖြစ်  အထည် ဖြတ်စများ၊  ကတ္တီပါစများကို လွယ်ကူစွာဝယ်ယူနိုင်ပြီး၊ ဂွမ်းကပ်စောင် ဆိုဒ်မျိုးစုံ၊ခြင်ထောင်၊ ခေါင်းအုံးနဲ့  ဂွမ်းကပ်မွေ့ယာမျိုးစုံ၊ ကုန်ချော အဖြစ် ထုတ်လုပ်လျက်ရှိတာ တွေ့ရပါတယ်။ ဈေးကွက်အနေနဲ့ တမူး၊ ကလေး၊ ခန္တီးနဲ့ မြစ်ကြီးနား၊ မန္တလေး၊ မုံရွာမြို့တွေကိုဖြန့်ချီပါတယ်။

ယွန်းထည်လုပ်ငန်း
မုံရွာမြို့နယ်၊ ကျောက္ကာမြောက်ရွာရဲ့ ခေတ်အဆက်ဆက်က ယွန်းပညာအမွေကို မပျောက်ပျက်ရအောင် ယနေ့အထိ ထိန်းသိမ်း ဆောင်ရွက်ရင်း ဒေသရဲ့  ကိုယ်ပိုင်ဟန်အသွန်သဏ္ဌာန်နဲ့ ရပ်တည် အောင်မြင်မှုရှိနေတဲ့ ကျောက္ကာယွန်းလုပ်ငန်းဖြစ်ပါတယ်။ ကျောက္ကာ ယွန်းပညာ မပျောက်ကွယ်စေဖို့ ယွန်းထည်အစုအဖွဲ့ ဖွဲ့ပြီး လိုအပ်တဲ့အရင်းအနှီးကို ဇေယျာပဒေသာဖောင်ဒေးရှင်းမှ ရယူကာ ပြည်တွင်း ဈေးကွက်သာမက ပြည်ပဈေးကွက်နှင့် ချိတ်ဆက်အေင်မြင်မှုရှိလာတာတွေ့ရပါတယ်။  ယခင်ကရွာလုံးကျွတ်လုပ်ကိုင်ကြပေမယ့် ယခု အခါ ယွန်းလုပ်ငန်းရှင် ၂၂  ဦးနဲ့ ယွန်းလုပ်သား ၅၅   ဦးတို့က အရှိန် မပျက် ထုတ်လုပ်လျက်ရှိတာ တွေ့ရပါတယ်။

ရက်ကန်းလုပ်ငန်း
မုံရွာမြို့နယ်ဟာ ရှေးယခင်က ရက်ကန်းမြို့တော်လို့ တင်စား ရတဲ့အထိ  တစ်မြို့နယ်လုံးနီးပါး ရက်ကန်းလုပ်ငန်းလုပ်ခဲ့ရာက လွန် ခဲ့တဲ့ ၁၀  နှစ်ခန့်ကတည်းက ဈေးကွက်ပျောက်ခဲ့ပြီး၊ယခုတဖန် ဈေး ကွက်ပြန်ရလာတဲ့အတွက် ကျေးလက်တော်တော်များများမှာ ရက်ကန်း သံတွေ ပြန်လည်နိုးထလာတာဖြစ်ပါတယ်။ မုံရွာမြို့နယ်ရဲ့ ရက်ကန်း အဓိက လုပ်ကိုင်ရာကျေးရွာ ၁၀ ရွာခန့်ရှိပြီး ကျောက်စစ်ပုံ(မြောက်)ကျေးရွာမှာ လူဦးရေ ၁၃၉၁  ဦးရှိတဲ့အနက်  ရက်ကန်းလုပ်ကိုင်သူ ၁၂၄ ဦးရှိ ပြီး၊ ရက်ကန်းစင်ပေါင်း ၃၉၂ စင်ရှိကာ အိုက်ဇောထည်ခေါ် လုံချည်အဆင်အမျိုးမျိုးရက်လုပ်ပြီး ပြည်တွင်းပြည်ပကို ဖြန့်ချိလျက် ရှိရာ ဒေသခံပြည်သူတွေရဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေကို အကောင်းဆုံး ရှာဖွေပေးနိုင်တဲ့ ဥဠဥဏ  လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေတာ တွေ့ ရပါတယ်။
နိုင်ငံတော်သမ္မတရဲ့ ၂၀၁၅ခုနှစ်၊ ဖွံ့ဖြိုးတိုးတက်မှု အကောင်း ဆုံးမြို့နယ်ဆုကို   မုံရွာမြို့နယ်က ထိုက်တန်စွာရရှိခြင်းမှာ တစ်ဦးကောင်းတစ်ယောက်ကောင်းကြောင့်မဟုတ်ဘဲ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့  လမ်းညွှန်မှု ၊ မုံရွာခရိုင်နဲ့   မုံရွာမြို့နယ် စီမံခန့်ခွဲမှု ကော်မတီရဲ့   ဦးဆောင်မှု၊   ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပြု ကော်မတီ၊ စည်ပင်သာယာရေးကော်မတီတွေရဲ့ ပံ့ပိုးမှု သက်ဆိုင်ရာ ကဏ္ဍအလိုက်   ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့   ဌာနဆိုင်ရာများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးနဲ့  ကော်မတီဝင်များ၊  ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လူမှုအသင်းအဖွဲ့များ အားလုံးပါဝင်ပူးပေါင်းပြီး မုံရွာမြို့ရဲ့ အတ္ထုပ္ပတ္တိ ကို စိတ်တူကိုယ်မျှ ရေးသားဖော်ဆောင်နိုင်ကြတဲ့အတွက်ဖြစ်သလိုကုန်သွယ်မှုမြှင့်တင်ရေးနဲ့  စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ အုပ် တစ်ချပ် သဲတစ်ပွင့်ပမာ ပါဝင်ခွင့်ရတဲ့အတွက် အနာဂတ်အသေးစား ကုန်ထုတ်လုပ်ငန်းများ  ယနေ့ထက်ပိုမိုထွန်းကား ကျယ်ပြန့်လာစေဖို့ ဆက်လက်ကြိုးစားဖို့အရေး ယခုဆုက... အားဆေးတစ်ခွက်ပါ ပဲ...လို့။