Main menu

Background

ပြည်ပမှ စားအုန်းဆီများ တင်သွင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဈေးကွက်များသို့ဖြန့်ဖြူးရောင်းချလျက်ရှိသော စားသုံးဆီများ၏ အရည်အသွေး၊ ဈေးနှုန်းကိစ္စရပ်များနှင့် ပတ်သက်သော ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက

Fri, 03/04/2022 - 15:10 -- journal_editor

ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန  အစည်းအဝေး ခန်းမ၌  Virtual စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့သည့် ပြည်ပမှ  စားအုန်းဆီများအား တင်သွင်း၍ မြန်မာနိုင်ငံအတွင်းရှိ ဈေး ကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိ သော စားသုံးဆီများ၏ အရည်အသွေး၊ ဈေးနှုန်း  ကိစ္စရပ်များနှင့် ပတ်သက် သောညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ပွင့်ဆန်း တက်ရောက် အမှာစကားပြော ကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးက  အမှာ စကားပြောကြားရာတွင်  ပြည်တွင်း၌ စားသုံးဆီ  ဖူလုံရေးအတွက် ဆီထွက် သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ် ရေး၊ ပြည်တွင်း၌  ထုတ်လုပ်သည့် စား သုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိလာ စေရေး၊  ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရေး၊  ဆီထွက်သီးနှံ ကဏ္ဍမှ အလုပ်အကိုင် အခွင့်အလမ်း များပိုမိုရရှိလာစေရေးနှင့် ဆီထွက်သီးနှံ ကဏ္ဍ(Supply Chain)     တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက်  ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို မူဝါဒ အရ  လျှော့ချပြီး အကန့်အသတ်ဖြင့် တင်သွင်းခြင်း အစီအစဉ်ကို ယခုMini Budget မှ စတင်၍ အကောင်အထည် ဖော်  ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်  စားသုံးဆီ  ကမ္ဘာ့ ဈေးနှုန်းမြင့်တက်မှု၊   ပြည်တွင်းဈေး ကွက်အခြေအနေ၊  ပြည်တွင်းစားသုံးမှု လျှော့ချနိုင်ရေး၊  ပြည်တွင်းထုတ်လုပ်မှု တိုးတက်စေရေး၊  ပြည်တွင်း၌ စားသုံး ဆီများ စုပုံမှုမရှိစေရန်နှင့် ပြတ်လပ်မှု မရှိစေရန်တို့ကို အခြေခံ၍ တွက်ချက် ဆောင်ရွက်ခဲ့ကြောင်း၊  အလားတူ စား သုံးဆီတင်သွင်းသူများလည်း  နစ်နာမှု မရှိစေရေး၊   စားသုံးသူပြည်သူများ အတွက်လည်း  ထိခိုက်မှုမရှိစေရေးတို့ အတွက်  ဗဟိုဘဏ်က ရောင်းချပေး သော  ဒေါ်လာဈေးဖြင့်  သက်သာသော ဈေးနှုန်းတွက်ချက်၍  စီစဉ်ဆောင်ရွက် ပေးခဲ့သည်မှာ ငါးလရှိပြီဖြစ်ကြောင်း၊ တင်သွင်း    ဖြန့်ဖြူးသူများအနေဖြင့် အရောင်းအဝယ် သဘောအရ အမြတ် ရရှိရေးကိုသာ  အဓိကမဟုတ်ဘဲ စား သုံးသူပြည်သူများ အနေဖြင့် အဆင်ပြေ မှုရှိစေရန်အတွက်  ဦးစားပေးဆောင် ရွက်ခြင်းဖြစ်ကြောင်း၊ ယခုကာလတွင် ကမ္ဘာ့စားသုံးဆီဈေးကွက်တွင် ဈေးနှုန်း များ   မြင့်တက်လျက်ရှိသည့်အတွက် ပြည်တွင်းဈေးကွက်ကို ရိုက်ခတ်မှုများ ရှိကြောင်း၊   ကမ္ဘာ့ဈေးနှုန်းအနေဖြင့် ယခုနှစ် ဇန်နဝါရီလအတွင်း စားသုံးဆီ တစ်တန်လျှင် ပျမ်းမျှ ၁၄၀၇ ဒေါ်လာရှိ ပြီး ဖေဖော်ဝါရီလ  ပထမပတ်အတွင်း ပျမ်းမျှအားဖြင့် ၁၅၅၀ ဒေါ်လာခန့်မှ ယခုတစ်ပတ်အတွင်း  ပျမ်းမျှအားဖြင့် ၁၆၄၀ ဒေါ်လာခန့်ထိ  တဖြည်းဖြည်း မြင့်တက်လာခဲ့ကြောင်း၊ စားသုံးဆီ တင် သွင်းမှုအနေဖြင့်  ကာလတူနှိုင်းယှဉ် ချက်အရ   ယခင်နှစ်တွင်  တန်ချိန် ၃ ဒသမ  ၁ သိန်းကျော်  တင်သွင်းခဲ့ပြီး ယခုနှစ်တွင် ၂ ဒသမ ၃ သိန်းခန့်သာ တင်သွင်းခဲ့သည့်အတွက်  ရာခိုင်နှုန်း အားဖြင့် ၃၀ ရာခိုင်နှုန်းအထိ လျှော့ချ ထိန်းညှိဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စား သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေ ဖြင့် ပြည်တွင်းစားသုံးဆီ ဈေးနှုန်းတည် ငြိမ်စေရေးနှင့်   သင့်တင့်မျှတသည့် ဈေးနှုန်းများ    ဖြစ်ပေါ်စေရေးအတွက် စဉ်ဆက်မပြတ်   စောင့်ကြည့်ထိန်း ကျောင်း  ကြပ်မတ်ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကို ဆွေးနွေးပြော ကြားသည်။
ဆက်လက်၍   ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေးဗဟိုကော်မတီ  တွဲဖက်အတွင်း ရေးမှူး    ဗိုလ်မှူးချုပ်ရန်နောင်စိုးက ပြည်တွင်း၌ စားသုံးဆီ လက်ကျန် ကျန် ရှိမှု၊ ပြည်ပမှ စားအုန်းဆီသင်္ဘောများ ထပ်မံရောက်ရှိမည့်    အခြေအနေနှင့် ပြည်တွင်းစားသုံးမှု  ဖူလုံအောင် စီမံ ဆောင်ရွက်သွားမည့် အခြေအနေများ ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက်    အစည်းအဝေးသို့ တက်ရောက်လာကြသည့်   စားသုံးဆီ တင်သွင်း  သိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်း   ကြီးကြပ်ရေးကော်မတီ   အဖွဲ့ဝင် များနှင့်   စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများက မတ်လအတွင်း စားသုံး ဆီတင်သွင်းရောက်ရှိမည့် အခြေအနေ များနှင့်ဈေးကွက်လိုအပ်ချက်ကို ပြည့်မီ အောင်  ဖြည့်ဆည်းပေးနိုင်ရေး စီမံ ဆောင်ရွက်သွားမည့်  အခြေအနေများ ကို ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊  ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်း ရေးမှူး၊  အမြဲတမ်းအတွင်းဝန်၊  ညွှန် ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ မြန်မာနိုင်ငံ  ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း      ဥက္ကဋ္ဌ၊ စားသုံးဆီတင်သွင်းသိုလှောင်၊ ဖြန့်ဖြူး ခြင်းလုပ်ငန်း   ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့်  စားသုံးဆီတင်သွင်း သည့် ကုမ္ပဏီများမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိ သည်။                                 

MOC (IR)