Main menu

Background

ပြည်တွင်း၌ စားသုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်စေရေး ညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Mon, 03/21/2022 - 14:16 -- journal_editor

မတ် ၄ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်တွင်း၌ စား သုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည် ငြိမ်စေရေးနှင့်စပ်လျဉ်းသည့်  ညှိနှိုင်း အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာပွင့်ဆန်း   တက် ရောက် အမှာစကားပြောကြားခဲ့သည်။အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက အမှာစကား ပြောကြားရာ၌ ပြည်တွင်းစားသုံးဆီသုံးစွဲမှုနှုန်း  များ ပြားနေသည့်အတွက်  နှစ်စဉ်ပြည်ပမှ စားသုံးဆီ အများအပြားတင်သွင်းနေရ ပြီး ကျန်းမာရေးရှုထောင့်အရ ပြည်သူ များ ဆီစားသုံးမှုလျှော့ချစေရေး၊ ပြည် တွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီ ထွက်သီးနှံများ  ပိုမိုတိုးချဲ့စိုက်ပျိုးထုတ် လုပ်ရေး၊ ပြည်တွင်း၌  ထုတ်လုပ်သည့် စားသုံးဆီများ ဈေးကွက်ဝေစု ပိုမိုရရှိ လာစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေး၊  ဆီထွက် သီးနှံကဏ္ဍမှ အလုပ်အကိုင်  အခွင့် အလမ်းများ   ပိုမိုရရှိလာစေရေးနှင့် ဆီထွက်သီးနှံကဏ္ဍ (Supply Chain)တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေး နှင့် စားသုံးဆီတင်သွင်းခြင်းမှ နိုင်ငံခြား ငွေ အသုံးပြုမှု လျော့နည်းသက်သာစေ ရေးတို့အတွက်ရည်ရွယ်ပြီး ယခု ဘဏ္ဍာ နှစ် Mini   Budget  မှစတင်၍ ပြည်ပမှ  စားသုံးဆီတင်သွင်းခြင်းကို လျှော့ချနိုင် ရေးအတွက်  အကန့်အသတ်ဖြင့် တင် သွင်းခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း၊ ကမ္ဘာ့စားအုန်းဆီဈေးကွက်တွင် ယခင် ဘဏ္ဍာနှစ်များက ‌ဈေးနှုန်းတည်ငြိမ်ခဲ့ သော်လည်း ကမ္ဘာတစ်ဝန်း ကိုဗစ်(၁၉) ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပေါ်ခဲ့ သည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင် ၍ ကမ္ဘာ့စားအုန်းဆီဈေးနှုန်း မြင့်တက် မှုများဖြစ်ပေါ်ခဲ့သည်ကို    တွေ့ရှိရပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း ၌ ဖြစ်သင့်ဖြစ်ထိုက်သည့်  ဈေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက်  ]]စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ}}ကို ဖွဲ့စည်း ၍ ထိန်းသိမ်းကြပ်မတ်  ဆောင်ရွက် လျက်ရှိကြောင်း၊    နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်နေသည့်  အခြေအနေ များအရ ပြည်တွင်းဈေးကွက်လိုအပ် ချက်ကို ပြည့်မီအောင် ဖြည့်ဆည်းပေး နိုင်ရေးနှင့် ဈေးကွက်အတွင်း မသမာမှု ဆောင်ရွက်နေခြင်းများကို  အရေးယူ ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ရှင်းလင်း ပြောကြားခဲ့သည်။ထို့နောက် အစည်းအဝေး တက် ရောက်လာကြသူများက ကမ္ဘာ့စားသုံး ဆီဈေးကွက်တွင် ဝယ်လိုအားနှင့် ဈေး နှုန်းများ မြင့်တက်လျက်ရှိသည့် အခြေ အနေများ၊ ပြည်တွင်းဈေးကွက်လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်  မတ်လအတွင်း စားအုန်းဆီသင်္ဘောများ ဝင်ရောက်မည့်အခြေအနေများ၊ ပြည်ပ ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲခြင်းများနှင့် အညီ ပြည်တွင်းဈေးနှုန်းကို ဖြစ်သင့်ဖြစ် ထိုက်သည့်   ဈေးနှုန်းဖြစ်ပေါ်စေရေး ထိန်းသိမ်းကြပ်မတ်   ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်တွင်း၌ ဆီထွက် သီးနှံများ    ပိုမိုစိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှုကဏ္ဍ  ဖွံ့ဖြိုးတိုးတက်လာစေရေး တွန်းအား ပေးဆောင်ရွက်သွားမည့် အခြေအနေ များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  ကုန်သွယ်မှုနှင့် ကုန် စည်စီးဆင်းမှုများ  မှန်ကန်မြန်ဆန်စေ ရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေး မှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ စားသုံးဆီ  တင်သွင်းသို လှောင်ဖြန့်ဖြူးလုပ်ငန်း ကြီးကြပ်ကော် မတီဝင်များ၊ မြန်မာနိုင်ငံ  ဆီကုန်သည် နှင့်    ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
MOC (IR)