Main menu

Background

ပြည်ပမှ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက်

Fri, 04/29/2022 - 16:12 -- journal_editor

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ဧပြီ ၁၉ ရက် မွန်းလွဲ ၁၂ နာရီတွင် Virtual Online စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပမှစက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များ  အဆင်ပြေချောမွေ့ စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။အစည်းအဝေး ၌ လတ်တလော ပျံ့နှံ့နေသည့် စက်သုံးဆီနှင့်ပတ်သက်သော သတင်းမှားများကြောင့် လည်းကောင်း၊ စက်သုံးဆီ လက်လီအရောင်းဆိုင်များ တွင် စက်သုံးဆီများအား အကန့်အသတ်ဖြင့် ရောင်းချ နေသည့်အတွက်ကြောင့်လည်းကောင်း၊  သုံးစွဲသူ ပြည်သူများ စိုးရိမ်မှု များဖြစ်ပေါ်လာကာ အလုအယက်ဝယ်ယူနေကြသည့် အခြေအနေအပေါ် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများနှင့် သက်ဆိုင်ရာဌာနများအကြား ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ဆွေးနွေးညှိနှိုင်းမှု များတွင် စက်သုံးဆီတင်သွင်း သည့် ကုမ္ပဏီ များသာမက လက်လီရောင်းချသည့် စက်သုံးဆီအရောင်းဆိုင်  ဖွင့်လှစ်ရောင်းချနေသည့် SMEsလုပ်ငန်းရှင်များက စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ ဖြစ် ပေါ်နေသည့် အခြေအနေများကို တင် ပြ ဆွေးနွေးခဲ့ပြီး ဝန်ကြီးဌာနဘက်မှ ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည့် အခြေ အနေများ၊ အများပြည်သူ အခက်အခဲများ၊ စိုးရိမ်မှုများ ကို  လျော့နည်းပပျောက်စေရေးအတွက် ပူးပေါင်း ဆောင်ရွက်မည့်  အစီအစဉ်များကို  ဆွေးနွေးခဲ့ကြ သည်။ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအနေ ဖြင့်တင်သွင်းမည့် လုပ်ငန်းစဉ်များအပေါ် စိုးရိမ်ပူပန် ခြင်းမရှိဘဲ စက်သုံးဆီ လက်လီအရောင်းဆိုင်များတွင် ရည်ညွှန်းဈေးနှုန်းဘောင်အတွင်း အကန့်အသတ်မရှိ စားသုံးသူပြည်သူများ ဝယ်ယူ ရရှိနိုင်ရေး အမြန်ဆုံး ဆောင်ရွက်သွားရန် သဘောတူခဲ့ကြပြီး အစည်းအဝေး ကို မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန် စေရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုး၊ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊  မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်း ချ ဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၊ စက် သုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOC (IR)