Main menu

Background

၀န်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များဘဏ္ဍာတိုက်ervices Trade and Investment Portal) တည်ထောင်ထားရှိမှုနှင့်စပ်လျဉ်း၍ Beta Version အား အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပ

Wed, 06/08/2022 - 15:59 -- journal_editor

မေ ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည့် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များဘဏ္ဍာတိုက်(Services Trade  and  Investment Portal- STIP) တည်ထောင်ထားရှိမှုနှင့်စပ်လျဉ်း၍ Beta Version အား အသိ ပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်ကုန်သွယ်မှုကဏ္ဍတွငဝန်ဆောင်မှုကုန်သွယ်ရေးသည် အလားအလာကောင်းများရှိနေသည့်အတွက် ဝန်ဆောင်မှုလုပ်ငန်း များရင်းနှီး မြှုပ်နှံမှုများတိုးတက်လာအောင်ဆောင်ရွက်၍ ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အာဆီယံ၏ ၂၀၁၉ ခုနှစ်တွင် တရားဝင်ထုတ်ပြန် ထားသည့်စာရင်းအရ မြန်မာ နိုင်ငံ အနေဖြင့်  GDP ၏ ၅၈ ရာခိုင်နှုန်း ခန့်မှာ ဝန်ဆောင်မှုကုန်သွယ်ရေးမှ ရရှိခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြားတွင်  စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ တို့ပြီးလျှင် စတုတ္ထနေရာတွင်ရှိနေကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာအစီအမံ(Measures)များကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုတည်ထောင်ထားသည့်  STIP Web Portal  သည် ဝန်ဆောင်မှု ကုန်သွယ် ရေးလုပ်ငန်းများနှင့်  သက်ဆိုင်သည့်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို တစ်နေရာတည်းတွင် စုစည်းတွေ့မြင်ရမည့် websiteဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို  စုစည်းပြုစုထားရာတွင်  မြန်မာနိုင်ငံ အနေဖြင့်အဖွဲ့ဝင်အဖြစ်ပါဝင်ထားသFTAs များ၏ ကတိကဝတ်များနှင့် လိုက်လျောညီထွေဖြစ်အောင်ပြုစုထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (AEC 2025)လုပ်ငန်းစီမံ ချက်အရ  အကောင်အထည် ဖော်ဆောင်ရွက်မှုများတွင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမှာဖြစ်ကြောင်း၊ STIP Web Portal  သည် မြန်မာနိုင်ငံ၏   ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍအတွက်  များစွာ အထောက်အကူဖြစ်စေကြောင်း ပြောကြားခဲ့သည်။    ထို့နောက် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ်သည့် ဦးစီးဌာန ၃၅ ခုမှ ကိုယ်စားလှယ် ၄၄  ဦးတို့အား တာဝန်ခံညွှန်ကြားရေးမှူး၊  Developer Compan မှ နည်းပညာဆိုင်ရာ တာဝန်ခံတို့က ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များဘဏ္ဍာတိုက် ( (Services Trade  and Investment Portal- STIP) တည်ထောင်ထားရှိမှုနှင့် အသုံးပြုမှုဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့သည်။ အနယ်နယ် အရပ် ရပ်ရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ဝန်ဆောင်မှုကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ ဘဏ္ဍာတိုက် တည် ထောင်ထားရှိမှုနှင့် အသုံးပြုမှုဆိုင်ရာများကို ပိုမိုရှင်းလင်းလွယ်ကူစွာ သိရှိနိုင်ရေးအတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်  STIP တည် ထောင်ထားရှိမှုနှင့်စပ်လျဉ်းသည့် Beta Versionအား အသိပေးရှင်း လင်းတင်ပြခြင်း အခမ်းအနားများကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
MOC (IR)