Main menu

Background

အာဆီယံစီးပွားရေးအသိုက်အဝန်း(အေအီးစီ)၂၀၂၅ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

Wed, 06/08/2022 - 16:38 -- journal_editor

အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ)၂၀၂၅ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇွန် ၁ရက် နံနက် ၁၀ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ရုံး အမှတ်(၁)၊နေပြည်တော်၌ ကျင်းပသည်။အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့်လုပ်ငန်းကော်မတီ၂၂ ခုမှဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြ သည်။အစည်းအဝေးတွင်ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ် မေလတွင်အင်ဒိုနီးရှား နိုင်ငံ ဘာလီတွင်ကျင်းပခဲ့သည့် အာဆီယံစီးပွားရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့မှုအခြေအနေနှင့်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာချဉ်းကပ်မှုပုံစံသစ်များနှင့်ပတ်သက်၍လည်းကောင်း၊ အာဆီယံအပြင် အခြား ပူးပေါင်းဆောင် ရွက်မှုများကတစ်ဆင့် အသစ် ထွက်ပေါ်လာသည့် အစီအစဉ်များ (Emerging Trend)တွင်ဘာသာရပ်အလိုက်လိုအပ်သည်များကို ပြင်ဆင်ထားရှိရေးကိစ္စများကိုလည်းကောင်းရှင်းလင်းဆွေးနွေးသည်။ပြည်ထောင်စုဝန်ကြီးက ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ် (RCEP) စတင်အသုံးပြုဆောင်ရွက်နိုင်မှုအခြေအနေများနှင့် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချက်ကို ရေးဆွဲလျက် ရှိရာတွင် မြန်မာနိုင်ငံကပါဝင်ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကိုရှင်းလင်းပြောကြားသည်။ ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အေအီးစီ အကောင်အထည်ဖော်မှု၌ ၂၀၂၁ ခုနှစ်တွင် ၇၀ဒသမ ၇ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဒေသတွင်း ပျမ်းမျှ အကောင် အထည်ဖော်မှုထက် ကျော် လွန်ခဲ့သည့်အတွက်  ၂၀၂၂ ခုနှစ်တွင် လည်း အေအီးစီ အကောင်အထည်ဖော်မှုလုပ်ငန်းများတွင်  မြန်မာနိုင်ငံအနေ ဖြင့် ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများ ကို    ဆက်လက်ဆောင်ရွက်ရန်နှင့် အာဆီယံ   သဘော တူညီချက် များ အရ လိုက်နာဆောင်ရွက်ရမည့် သဘောတူ ထားည့်ကတိကဝတ်များကို လိုက်ပါဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။ဆက်လက်၍ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန်မျှော်မှန်းချကရေးဆွဲရေးဆိုင်ရာအဆင့်မြင့်လုပ်ငန်း အဖွဲ့၏ မြန်မာနိုင်ငံမှ ထင်ပေါ်ကျော် ကြား ပုဂ္ဂိုလ်(Eminent Person)ဖြစ်သူရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက် သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီဦးသန်းအောင်ကျော်က အာဆီယံ အသိုက်အဝန်း ၂၀၂၅အလွန်မျှော်မှန်းချက်ရေးဆွဲရေးအတွက်ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများနှင့် မျှော်မှန်းချက်တွင်ထည့်သွင်းမည့် အဓိကအချက်များ (core elements )နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ထို့နောက် အာဆီယံ အဆင့် မြင့် စီးပွားရေးအရာရှိ၊ ရင်းနှီး မြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနအမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်ကလည်းအာဆီယံ၏ လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊  ရှေ့ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် မြန်မာနိုင်ငံကအကောင်အထည်ဖော်မှုများကို ရှင်းလင်းတင် ပြသည်။ ထို့နောက်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက ကော်မတီအလိုက်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ရှေ့ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စ ရပ် များကိုတင်ပြခဲ့ရာပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်းသတင်းရရှိသည်။    
DICA