
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန် အတိုင်းသာရှိကြောင်း သိရသည်။
ပြည်တွင်း ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်စေရန်အတွက် ဗဟိုဘဏ် အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အတူ ဆက်လက်ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြင်ပဈေးအတိုင်း ရောင်းဝယ်မှုများပြုလုပ်နေသည့် ၎င်းတို့ လိုင်စင်ထုတ်ပေးထားသော ငွေလဲကောင်တာများကိုလည်း ဗဟိုဘဏ်က အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ သတ်မှတ်ချက်အား ဖောက်ဖျက်သည့် Imperial Myanmar Finance Co.,Ltd. ၏ Money Changer လိုင်စင်အား ဖျက်သိမ်းကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဗဟိုဘဏ်က မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများသည် Money Changerလုပ်ငန်းဆောင်ရွက်လို ပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းအောက်မှ မဟုတ်ဘဲ သီးခြား ကုမ္ပဏီ သို့မဟုတ် မိခင်ကုမ္ပဏီအမည်ဖြင့်သာ လျှောက်ထားရန် မူဝါဒချမှတ်ထား ကြောင်း သိရသည်။
ပန်းဆု