Main menu

Background

ငွေလွှဲလုပ်ငန်း‌များအနေဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ဥပဒေများကို တိကျစွာလိုက်နာရန် လိုအပ်

Thu, 03/16/2023 - 14:06 -- journal_editor

ငွေလွှဲလုပ်ငန်း‌များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထား သည့် ဥပဒေနှင့် စည်းမျဉ်းများ၊ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင် ရွက်ရန်လိုအပ်ကြောင်း ယင်းဘဏ်က အသိပေးပြောကြားထားသည်။
ယင်းအပြင် လိုင်စင်အသစ်များ ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်းနှင့် ပတ်သက်သည့်မူဝါဒများကို သိရှိရန်လည်းလိုအပ်ပြီး နေ့စဉ် စာရင်းများဖြင့် ဘဏ္ဍာ ရေးနှစ်ချုပ် အစီရင်ခံစာများကို မပျက်မကွက် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်  ဗဟိုဘဏ်အနေဖြင့် ငွေလွှဲလုပ်ငန်းလိုင်စင်  လျှောက်ထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းများကို လိုင်စင်ထုတ်ပေးရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များကို ပေးပို့ထားပြီး ဖြစ်သည်ဟု ဆိုသည်။
သို့ဖြစ်၍ ငွေလွှဲကောင်တာများအနေဖြင့် နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း ဈေးနှုန်း တည်ငြိမ်မှုမရှိစေရန် လှုံ့ဆော်သူများကို သိရှိပါက သတင်းအချက်အလက်နှင့်တကွ ပေးပို့အကြောင်းကြားနိုင်ကြောင်း သိရသည်။                     ပန်းဆု