Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိ

Tue, 05/09/2023 - 16:05 -- journal_editor

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန် အတိုင်းသာရှိကြောင်း သိရသည်။
ပြည်တွင်း ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်‌စေရန်အတွက် ဗဟိုဘဏ် အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အတူ ဆက်လက် ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင်  ပြင်ပဈေးအတိုင်း ရောင်းဝယ်မှုများ ပြုလုပ်နေသည့် ၎င်းတို့ လိုင်စင်ထုတ်ပေးထားသော ငွေလဲကောင်တာများကိုလည်း ဗဟိုဘဏ်အနေဖြင့် အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဗဟိုဘဏ်က မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများသည် သြညနပ ဃ့ညေါနမ လုပ်ငန်းဆောင်ရွက်လို ပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းအောက်မှ မဟုတ်ဘဲ သီးခြား ကုမ္ပဏီ သို့မဟုတ် မိခင်ကုမ္ပဏီအမည်ဖြင့်သာ လျှောက်ထားရန် မူဝါဒချမှတ်ထား ကြောင်း သိရသည်။                                                                                 

ပန်းဆု