မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက်ရှိရာ လက်ရှိ ပြည်တွင်းငွေ ကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ် အေးနေကြောင်း သိရသည်။
လက်ရှိတွင် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီး ဒေါ်လာဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေသည့် ကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက် (Fit & Proper) ထုတ်ပြန်ထားပြီး ယင်းမှာ ငွေကြေးအဖွဲ့အစည်းများအတွင်း ပြစ်မှုကျူးလွန်သူများနှင့် ပြစ်မှုကျူးလွန်ခြင်းမှနေ၍ ရရှိသည့် ငွေကြေး၊ ပစ္စည်းနှင့် အကျိုးအမြတ်များ ဝင်ရောက်လာခြင်းမရှိစေရေး ကြိုတင်ကာကွယ်ထားသည့် အစီ အစဉ်များဖြစ်ကြောင်း သိရသည်။
Fit & Proper ကို ဘဏ်များ၊ ဘဏ်မဟုတ်သည့် ငွေကြေးအဖွဲ့အစည်းများ၊ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုအဖွဲ့အစည်းများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံ ရှင်းလင်းသော ဝန်ဆောင်မှုလုပ်ငန်းများ၊ ပြည်ပငွေလွှဲ လိုင်စင်ရရှိသူများ၊ ရှယ်ယာရှင်များ၊ ကုမ္ပဏီဒါရိုက်တာများ၊ တာဝန်ရှိသူများနှင့် ဆက်နွယ်သူများ လိုက်နာရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ညွှန်ကြားထားသည်။
ပန်းဆု