Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိ 

Mon, 07/17/2023 - 15:40 -- journal_editor

လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့် အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက်ရှိရာ ရောင်းဝယ်သူများအနေဖြင့် ငွေကြေးဈေးကွက်အတွင်း မသမာမှုများ မပြုလုပ်ကြရန် ဗဟိုဘဏ်က သတိပေးထားပြီး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိသည့် ဆောင်ရွက်မှုများကိုတွေ့ရှိပါက လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲနှုန်း ဈေးကစားသူများ၊ တရားမဝင်နိုင်ငံခြားငွေ ရောင်းဝယ်သူများနှင့် တရားမဝင် နိုင်ငံခြားငွေ လွှဲပြောင်းသူများကို ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဖော်ထုတ်အရေးယူလျက်ရှိရာ လက်ရှိတွင် ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ခွင့်လိုင်စင် (Money Changer License) ထုတ်ပေးထားသည့် ပြည်တွင်းကုမ္ပဏီ ၁၀ ခုကို လိုင်စင်ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၀ ခုမှာ Kannan Trading Co.,Ltd, Net Change Co.,Ltd, Thiri Aung Si Trading Co., Ltd, Riverwood Group Co., Ltd, Global Myanmar Services Co., Ltd, D-Gold Trading Co., Ltd, Aurum Image Co., Ltd, Hi Welcome Travel & Tours Co., Ltd, Sweeties Pearls Co., Ltd, Chase Travels & Tours Co., Ltd  စသည့် ကုမ္ပဏီများဖြစ်ပြီး အမှုဆောင်ကော်မတီ အစည်းအဝေးအရ ယခုကဲ့သို့ လိုင်စင်ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။                                                        

 ပန်းဆု