Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 07/31/2023 - 12:03 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်(၁၉) ကပ်ရောဂါ နှင့် ကမ္ဘာ့နိုင်ငံရေး  အခြေအနေများကြောင့်   ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၂၀ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၇၉ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၂၆ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၆၄ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည် လည်း ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် အခေါက်ရည် တစ်ကျပ် သားလျှင် ကျပ် ၃၂၇၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၂၆ ရက် တွင် ကျပ် ၃၄၅၀ဝ၀ဝ သို့  အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရေဈေးကွက်အတွင်းမှ သိရှိရသည်။
ယခု ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းအသား တင် ထုတ်လုပ်မှုတန်ဖိုး (GDP) သည် တိုးတက်မှုနှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်းရှိလာမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင် နှုန်း တိုးတက်မှုရှိလာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)က ခန့်မှန်း ထုတ်ပြန်ထားသည်။ 
၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၂၆ ရက်အထိ ရက်အလိုက် ဖြစ်ပေါ်ပြောင်းလဲခဲ့သော အမေရိကန်တစ်ဒေါ်လာနှင့် ညီမျှ သော နိုင်ငံတကာ ငွေလဲလှယ်နှုန်းများကို တစ်ဖက်ပါဇယားဖြင့် ဖော်ပြအပ်ပါသည်။
ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၂၆ ရက်ထိ ရက်သတ္တပတ်အတွင်း ၃၂၀ဝ-၃၂၅၀ ကျပ်ကြား ရှိနေ ကြောင်း သိရှိရသည်။

P&S