Main menu

Background

ရွှေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်း ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက် အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 08/14/2023 - 11:09 -- journal_editor

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့်  ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် သြဂုတ် ၃ ရက်တွင် ရွှေတစ် အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၃၆ ဒေါ်လာ ပေါက်ဈေးရှိ ခဲ့ရာမှ သြဂုတ် ၉ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၂၉ ဒေါ်လာ ဖြစ်ခဲ့သည်ကိုတွေ့ရှိရသည်။ ပြည်တွင်း ရွှေဈေးသည် လည်း ၂၀၂၃ ခုနှစ် သြဂုတ် ၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၅၁၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ သြဂုတ် ၉ ရက်တွင် ကျပ် ၃၆၄၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်း ကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။
ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်း အသား တင် ထုတ်လုပ်မှုတန်ဖိုး (GDP) သည် တိုးတက်မှုနှုန်း ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိလာမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှုရှိလာနိုင်ကြောင်း  အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့  (IMF) မှ ခန့်မှန်းထုတ်ပြန်ထားသည်။  ပြည်တွင်းရှိ ပြင်ပဒေါ်လာ ငွေကြေးဈေးကွက်၌ ဝယ်လို အား ပြောင်းလဲမှုပေါ်လိုက်၍ ၂၀၂၃ ခုနှစ် သြဂုတ် ၃ ရက်မှ ၉ ရက်ထိ ရက်သတ္တပတ်အတွင်း ၃၄၄၅-၃၄၇၅ ကျပ်ကြား ရှိနေ ကြောင်း သိရှိရသည်။

P&S