Main menu

Background

Dimesion စင်ကာပူနှင် TIP TOP Education မြန်မာတို့ ပူးပေါင်း၍ GEC(0) နှင့် (A) Level ဖွင့်လှစ်

Thu, 02/18/2010 - 04:20 -- Anonymous (not verified)

    စင်ကာပူနိုင်ငံရှိ Dimesion International College နှင့် TIP TOP International Education တို့မှ ပူးပေါင်း၍ မြန်မာနိုင်ငံရှိ (၉)တန်းအောင် ကျောင်းသား၊ ကျောင်းသူများအတွက် GCE (0) Level နှင့် တက္ကသိုလ်ဝင် တန်းအောင် ကျောင်းသားများအတွက် GCE (A) Level သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။    `စင်ကာပူနိုင်ငံရေးကို စိတ်ဝင်စားတဲ့ကျောင်းသားတွေအတွက် Junior College တွေ၊ Polytechnic တွေကို ဝင်ခွင့်ရရှိစေမှာ ဖြစ်ပါတယ်။  GCE (A) Level အောင်ပြီးသွားရင် NTU, NUS, SMU နိုင်ငံတကာ တက္ကသိုလ်တွေကို ဝင်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဆရာတွေအနေနဲ့လည်း သင်ကြားရေးပိုင်းမှာ အတွေ့အကြုံရင့်ကျက်ပြီး အရည်အသွေးပြည့်ဝတဲ့ MOE အသိ အမှတ်ပြုဆရာ၊ ဆရာမတွေ သင်ကြားပေးမှာဖြစ်ပါတယ်။  College Libiary မှာ GCE O,A  Level စာအုပ်ပေါင်း ၈၀၀ ကျော်ကို အခမဲ့ ငှားရမ်းလေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်။ ကျောင်းချိန်ပြင်ပတွေမှာလည်း Study Guide တွေနဲ့ တွဲဖက်လေ့ကျင့်သင်ကြား ပေးမှာဖြစ်ပါတယ်` TIP TOP Education မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။    အဆိုပါ GCE(0) နှင့် (A) တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများသည် (ရန်ကုန်၊ မန္တလေး၊ လားရှိုး)တွင်  သုံးလ တက်ရောက်ရမည်ဖြစ်ပြီး Dimesion စင်ကာပူတွင် ရှစ်လတက်ရောက်ရ၍ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စင်ကာပူနိုင်ငံမှစစ်ဆေးသော  Cambridge GCE စာမေးပွဲကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်းနှင့် ဘာသာရပ်များအနေဖြင့် Maths, Ad-Maths, Eng, Physic, Chem, Chinese, Principal of  Accounting ဘာသာ ရပ်များကို သင်ကြားပေးလျက်ရှိပြီး မိမိကြိုက်နှစ်သက်ရာ ဘာသာရပ်များကို ရွေးချယ် တက်ရောက်နိုင်ကြောင်း၊ အသေးစိတ်သိရှိလိုသူများနှင့် စိတ်ဝင်စားသူများ အနေဖြင့် TIP TOP International Education Service provider ဖုန်း- ၀၁၅၁၄၈၈၄၊ ၅၁၄၅၉၁ သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရသည်။