Main menu

Background

Diploma in Nursing အတွက် Full-Sponsorship လျှောက်ထားနိုင်

Mon, 03/01/2010 - 09:57 -- Anonymous (not verified)

     စင်္ကာပူနိုင်ငံ Parkway Collage က ဖွင့်လှစ်မဲ့ Diploma in Nursing သင်တန်းအတွက် Full-Sponsorship လျှောက်ထားနိုင် ကြောင်း သိရပါတယ်။    Full-Sponsorship ရရှိဖို့အတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမှာဖြစ်ပြီး အောင်မြင်သူတွေအနေနဲ့ ၃ နှစ်စာ ပညာသင်ထောက် ပံ့ကြေးရရှိမည့်အပြင် နေထိုင်စားသောက်စရိတ်၊ ကျန်းမာရေး၊ အာမခံကြေး၊ စာအုပ်နဲ့ယူနီဖောင်း အသုံးစရိတ်ပါရရှိမှာ ဖြစ်ပါတယ်။    သင်တန်းပြီးဆုံးရင် စင်္ကာပူသူနာပြုဘုတ်အဖွဲ့ SNB ကပေးတဲ့ ဒီပလိုမာကို ရရှိမှာဖြစ်ကြောင်း Park Way Health Care Group လက်အောက်ရှိ ဆေးရုံကြီးတွေမှာ တာဝန် ထမ်းဆောင်နိုင်ကြောင်း SYM Consultancy and Education မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။    အဆိုပါ Sponsorship ရရှိဖို့အတွက် အခြေခံပညာအထက်တန်း အောင်မြင်ပြီး တစ်ဘာသာချင်းရမှတ် ၅၅ မှတ်ရရှိကာ အင်္ဂလိပ်စာအခြေခံကောင်းမွန်သူတွေ လျှောက်ထားနိုင်ကြောင်း သိရသည်။    အသေးစိတ်သိချင်ရင်တော့ SYM Consultancy and Education ဖုန်း ၂၉၈၇၃၉၊ email info@symeducation.com မှာ စုံစမ်းနိုင်ပါတယ်။