Main menu

Background

ရင်းနှီးမြှုပ်နှံမှု ချဲ့ထွင်ဖို့ ဥရောပ စီးပွားရေးလုပ်ငန်းတွေကို တောင်ကိုရီးယားဝန်ကြီးနှိုးဆော်

Mon, 02/24/2014 - 11:46 -- ydnar

တောင်ကိုရီးယားနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတိုးချဲ့ကြဖို့ ဥရောပကုမ္ပဏီတွေ ကိုတောင်ကိုရီးယားဘဏ္ဍာရေးဝန်ကြီး ကဖေဖော်ဝါရီ ၁၈ ရက်ကနှိုးဆော်ပြီး "ဘေးအန္တရာယ်ကင်းရှင်းစွာ" သူတို့အ လုပ်လုပ်နိုင်အောင် အစိုးရကဆက် လက်ပြီးထောက်ပံ့သွားမှာဖြစ်ကြောင်း လည်းကတိပေးထားတယ်လို့ ယွန်းဟပ် ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြထားပါ တယ်။
ဆိုးလ်မြို့တော်မှာ ဥရောပ သမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံများမှ သံတမန် များနဲ့ တွေ့ဆုံရာမှာ ဘဏ္ဍာရေးဝန်ကြီး ဟွန်အိုဆုပ်က ယခုကဲ့သို့မှတ်ချက်ပြု ပြောခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားစီးပွား ရေးလုပ်ငန်းခေါင်းဆောင်တွေနဲ့ ဟွန်တို့ တွေ့ဆုံပြီး ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင်ရရှိမှုတိုးမြှင့်ဆောင်ရွက် ပေးဖို့ပြောကြားပြီးနောက်ပိုင်း ယခုအ စည်းအဝေးကို ကျင်းပတာဖြစ်ပါတယ်။
"ကိုရီးယားအစိုးရက နိုင်ငံ ခြား ရင်းနှီး မြှုပ်နှံမှုကို ဆွဲဆောင်နိုင် ဖို့အား သွန်ကြိုးပမ်းနေပါတယ်။ နိုင်ငံခြားရင်း နှီးမြှုပ်နှံသူတို့ ဝင်ဖို့အတွက် အတား အဆီးတွေကို ကျွန်တော်တို့ တစ်စစ လျှော့ချ ပေးနေတဲ့အပြင် အခွန်ကင်း လွတ်ခွင့်နဲ့ ဘဏ္ဍာရေးထောက်ပံ့မှုတို့ လို ဆွဲဆောင်မှု အမျိုးမျိုးကိုလည်း ပေး နေပါတယ်"လို့ ဟွန်က ပြောပါတယ်။
အီးယူက တောင်ကိုရီးယားရဲ့ ဒုတိ ယအကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ကြောင်းနဲ့ ၂၀၁၂ ခုနှစ်က ရင်းနှီးမြှုပ် နှံမှု ခဏတာ အနည်းငယ် ကျသွားခဲ့ တာမှအပ အီးယူက တောင်ကိုရီးယား မှာ အများဆုံးရင်းနှီးမြှုပ်နှံခဲ့ကြောင်း သူ ကပြောပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေက နာလန်ထူတဲ့ လမ်းကြောင်းပေါ်မှာ အရှိန်ရလာပြီဖြစ် တဲ့အတွက် တောင်ကိုရီးယားရဲ့ စီးပွား ရေးကလည်းတော်တော်အလားအလာ ကောင်းနေတယ်လို့ သူကပြောပါတယ်။  ဥရောပမှာစီးပွားရေးနာလန်ထူတဲ့အရှိန် နှုန်းမြင့်လာတဲ့အတွက်တောင်ကိုရီးယား ရဲ့ပို့ကုန်အားပြုစီးပွားရေးဖွံ့ဖြိုးမှုအတွက် အကောင်းမြင်လက္ခဏာတွေတိုးမြင့်လာ တယ်လို့ သူကပြောပါတယ်။
"ဒီလိုကမ္ဘာ့စီးပွားရေးအလားအ လာတွေကို နောက်ခံပြုပြီး တောင်ကိုရီး ယားစီးပွားရေးအလှည့်အပြောင်းဖြစ်လာ တာက ပိုမိုထင်ရှားလာပါတယ်။ ဒီလို အလားအလာမျိုးဆက်ဖြစ်နေရင် ကိုရီး ယားစီးပွားရေးက ဒီနှစ်ထဲမှာ ၃ ဒသမ ၉ ရာခိုင်နှုန်းထိမြင့်တက်လာမယ်လို့ ခန့် မှန်းပါတယ်" လို့သူကပြောပါတယ်။

ဉာဏ်တင်