Main menu

Background

ဂျပန်နိုင်ငံခြားကုန်သွယ်မှူလိုငွေ စံချိန်တင်မြင့်တက်

Thu, 02/05/2015 - 21:16 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

            ဖူကူရှီးမားအလွန်ကာလ စွမ်းအင်ဈေးနှုန်းများ မြင့် တက်လာမှုဂယက်ကြောင့် ဂျပန်နိုင်ငံရဲ့နိုင်ငံခြားကုန်သွယ် မှုလိုငွေက ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၁၀၉ ဘီလီယံထိစံချိန်တင် မြင့်တက်လာခဲ့ပါတယ်။ ဒါပေ မယ့် ရေနံဈေးနှုန်းကျဆင်းမှုက ကွာဟချက်ကို  နိမ့်ကျစေလိမ့်မယ်လို့ လေ့လာဆန်းစစ် သူ တွေက ခန့်မှန်းကြောင်း  အေအက်ဖ်ပီသတင်းမှာ ဖော်ပြ ထားပါတယ်။
ယခုလို လိုငွေမြင့်တက်မှုက  ဂျပန်ယန်းငွေနဲ့ဆိုရင် ၁၂ ဒသမ ၇၈ ထရီလီယံရှိပြီး ၂၀၁၃ ခုနှစ်က အခြေအနေနဲ့နှိုင်း ယှဉ်ရင်  မြင့်တက်မှုက ၁၁ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ၁၉၇၉ ခုနှစ်နောက်ပိုင်း အဆိုးဆုံးအခြေ အနေ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။၂၀၁၄ခုနှစ် သွင်းကုန်တန်ဖိုးက ၅ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီးယန်း ၈၅ ဒသမ ၈၉ ထရီလီယံရှိခဲ့ပါတယ်။ သွင်းကုန်တန်ဖိုးက ယန်း ၇၃ ဒသမ ၁၁ ထရီလီယံရှိခဲ့တဲ့အတွက်ပို့ကုန်ထက်သွင်းကုန်က ၄ ဒသမ ၈ ရာခိုင်နှုန်းသာလွန်ခဲ့တာကို တွေ့ရပါတယ်။ဂျပန်နိုင်ငံမှာ တစ်ချိန်ကနျူးကလီးယား ဓာတ်အားပေးစက်ရုံတွေရဲ့ ဖြန့်ဖြူးမှုက လျှပ်စစ်ဓာတ်အား သုံးစွဲမှု ရဲ့ လေးပုံ တစ်ပုံရှိခဲ့ပါတယ်။ ဒါကြောင့်၂၀၁၁ ခုနှစ်မှာနျူးကလီးယား အကျပ်အတည်းနောက်ပိုင်း သယံဇာတရှားပါးတဲ့ ဂျပန်နိုင်ငံအတွက်စွမ်းအင်ရရှိရေးကိစ္စကိုအလူးအလဲကြိုးစားပြီး ဖြည့်ဆည်းဆောင်ရွက်ခဲ့ရ ပါတယ်။ ဒါကြောင့် စွမ်းအင် အတွက် ကုန်ကျမှုဟာကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်ခဲ့ပါတယ်။
     ဒီပြဿနာကြောင့် ယန်းငွေတန်ဖိုး  ကျဆင်းစေခဲ့တဲ့ အတွက် နိုင်ငံခြားငွေနဲ့ ပေးချေရတဲ့သွင်းကုန်တန်ဖိုးတွေကို လည်းမြင့်တက်စေခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေက ဒီဇင်ဘာတစ်လတည်း မှာပင် ယခင်နှစ် အလား တူကာလနဲ့နှိုင်းယှဉ်ရင်ထက်ဝက်နှုန်းနီးပါးပြန်ကျပြီး ယန်း ၆၆၀ ဒသမ ၇ဘီလီယံရှိလာခဲ့ပါတယ်။ အဓိကအားဖြင့် ရေနံဈေးနှုန်းကျဆင်းခဲ့လို့ဖြစ်ပါတယ်။ဂျပန်နိုင်ငံရဲ့ဒီဇင်ဘာလအတွင်း ပို့ကုန်လုပ်ငန်းပမာဏက ခန့်မှန်းထား တာ ထက် ၁၂ ဒသမ ၉ ရာခိုင်နှုန်း  ကျော်လွန် ပြီး ယန်း ၆ ဒသမ ၉၀ ထရီလီယံထိရောက်ရှိခဲ့တဲ့အတွက် ကုန်သွယ်မှု ရှင်းတမ်းကို အထောက်အကူရစေခဲ့ပါတယ်။