Main menu

Background

မားစ်ရောဂါကြောင့် စီးပွားရေးအပေါ်ဂယက်ရိုက်ခတ်လာမှာကို တောင်ကိုရီးယားနိုင်ငံကစိုးရိမ်

Wed, 06/17/2015 - 20:26 -- journal_editor

မားစ်ရောဂါ (Middle East Respiratory Synd rome-MERS) ဖြစ်ပွားမှုကြောင့် နိုင်ငံရဲ့စီးပွားရေးအပေါ် ဂယက် ရိုက်ခတ်လာမှာကို တောင်ကိုရီးယားနိုင်ငံက စိုးရိမ်ကြောင်းနဲ့ စီးပွားရေးကို ထိခိုက်မှုရှိလာတယ်လို့ အချက်ပြလာပါက တန် ပြန်အစီအမံများကို လျင်မြန်စွာဆောင်ရွက်မှာဖြစ်ကြောင်း ဇွန်လ ၈ ရက်က ဘဏ္ဍာရေးဝန်ကြီး၏ပြောကြားချက်ကို ကိုး ကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
''မကြာသေးမီက ဖြစ်ပွားခဲ့တဲ့  မားစ်ရောဂါကြောင့် ပုဂ္ဂလိကစားသုံးမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ်ယုံကြည်မှုပျက်  ပြားလာမှာကို စိုးရိမ်သလို ပြည်တွင်းစီးပွားရေးထိခိုက်လာမှာ ကိုလည်း ကျွန်တော် စိုးရိမ်မကင်းဖြစ်မိပါတယ်။ လိုအပ်တဲ့ ဘတ်ဂျက်ကို  အချိန်ကိုက်   ခွဲဝေလျာထားခြင်းအပါအဝင်   မားစ်ရောဂါဖြစ်ပွားမှုတွေကို  လျှော့ချနိုင်ဖို့ အစွမ်းကုန်ကြိုး ပမ်းသွားမှာ ဖြစ်ပါတယ်''လို့   အလုပ်သဘောနေ့လယ်စာ စားပွဲတစ်ခုမှာ မိန့်ခွန်းပြောကြားစဉ် ဘဏ္ဍာရေးဝန်ကြီး ချိုင် ကျွန်ဝှန်က ပြောပါ တယ်။
ဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် စိုးရိမ်မှုတွေ က စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုတွေကို ထိခိုက်မှုရှိမလာ အောင် ပူးပေါင်းဆောင်ရွက်ကြဖို့ ဝန်ကြီးကတောင်ကိုရီးယား လူမျိုးတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။ သို့သော် ဘတ် ဂျက်ငွေ  မည်မျှထပ်မံတိုးချဲ့သုံးစွဲမည်ကို  သူကပြောကြားခဲ့ခြင်း မရှိပါဘူး။ ယူရိုငွေကြေးနဲ့  ယန်းငွေတန်ဖိုး ကာလရှည်ကြာစွာ ကျဆင်းမှုကြောင့် ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်တွေမှာ အခက်  အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်းနဲ့  ပို့ကုန်လုပ်ငန်းရှင်တွေ အတွက် အခက်အခဲ တွေသက်သာ ကျဆင်းစေမယ့် အစီအမံ တွေကို မကြာမီကြေညာမှာဖြစ်ကြောင်း သူကပြောပါတယ်။ ရောဂါကူးစက်ခံရသူ ၂၃ ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ၈၇ ဦး ရှိခဲ့တဲ့အတွက် ဆော်ဒီအာရေးဗီးယားပြီးရင် တောင်ကို ရီးယားက ဒုတိယအများဆုံးကူးစက်ခံရတဲ့ နိုင်ငံဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာ  ထွက်ပေါ်ပြီးနောက် ပိုင်းဘဏ္ဍာရေးဝန်ကြီးရဲ့ ဝေဖန်ချက် ထွက်ပေါ်ခဲ့တာဖြစ်ပါ တယ်။
မားစ်ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ  ခြောက်ဦးရှိ ပြီး ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန် ထိန်းသိမ်းထားသူ ၂၅၀၀ ရှိပါတယ်။ မားစ်ရောဂါပြန့်ပွားမှု အများဆုံးဖြစ်နိုင်တဲ့ ခရီးသွားလုပ်ငန်း၊ လက်လီရောင်းချမှုနဲ့ တခြားကဏ္ဍတွေ အတွက်ဝန်ကြီးဌာနက ထောက်ပံ့မှုတွေ ဆောင်ရွက်ပေးလျက် ရှိကြောင်း ဝန်ကြီးက ပြောပါတယ်။