Main menu

Background

ဝင်ငွေအများဆုံး စံချိန်တင်ရရှိထားတဲ့Jurassic World

Tue, 06/23/2015 - 21:14 -- journal_editor

အမေရိကန်နိုင်ငံမှာ ရုံတင်ပြသနေတဲ့Jurassic  World ဇာတ်ကားဟာ အမေရိကန်နိုင်ငံ Box Office  ရဲ့ စာရင်းကောက် ယူမှုများအရ ဝင်ငွေအများဆုံးနေရာမှာ ရပ်တည်နေတယ်လို့ ဆို ပါတယ်။
အဲဒီဇာတ်ကားကို စတင်ပြီး ရုံတင်ပြသတဲ့နေ့မှ သုံးပတ် အတွင်း ဝင်ငွေစံချိန်တင်ရရှိခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ တွင်းမှာ ပြသခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၈သန်း ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးမှာ ပြသရာမှာတော့ အမေရိကန် ဒေါ်လာ ၅၂၄ သန်းရရှိခဲ့ပါတယ်။
အဲဒီဝင်ငွေဟာ အမေရိကန်မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား တွေအနက် ဝင်ငွေပမာဏအကြီးမားဆုံးရရှိခဲ့တဲ့ ဇာတ်ကားတစ် ကားဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဇာတ်ကားဟာ ပိတ်ရက်တွေ ဖြစ်တဲ့စနေ၊ တနင်္ဂနွေလို နေ့မျိုးမှာဆိုရင် ဝင်ငွေအများဆုံးရရှိခဲ့သလို  အလုပ်ဖွင့်ရက်တွေ ဖြစ်တဲ့ တနင်္လာနေ့ကနေ  သောကြာနေ့အထိ ရက်တွေမှာလည်း တခြားဇာတ်ကားတွေလိုမဟုတ်ဘဲ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၅ ဒသမ ၃၄ သန်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်းမှာ ပြသနေတဲ့  ဇာတ်ကားတွေအနက် ဝင်ငွေ အကောင်းဆုံးလို့ ပြောရမယ့်Walt Disney  ကရိုက်ကူး တဲ့ ွှ့The Avengers  ဇာတ်ကားထက် အဲဒီဇာတ်ကားက ဝင်ငွေပိုရတယ်လို့ ဆိုပါတယ်။
အဲဒီဇာတ်ကားကို စတင်ပြသကတည်းက ပြည်တွင်းမှာ ပြသ နေတဲ့ ဇာတ်ကားတွေဖြစ်တဲ့The Dark Knight, The Hunger Games: Catching Fire နဲ့ Avengers  ဇာတ်ကားတွေဟာ ဝင် ငွေအနည်းဆုံးပမာဏလောက်ကိုသာ ရရှိခဲ့ကြတဲ့အတွက် ရှက် ဖွယ်ကောင်းလှတယ်လို့ မီဒီယာတွေက ရေးသားကြပါတယ်။