Main menu

Background

Game Design သင်တန်းတက်ရောက်လိုသူများကို စင်ကာပူနိုင်ငံ၌ သင်ကြားနိုင်ရန်ဆောင်ရွက်ပေးမည်

Mon, 03/01/2010 - 10:13 -- Anonymous (not verified)

    Game and Entertainment Tech, Early childhood care and Education နှင့် အင်ဂျင်နီယာဘာသာရပ်များကို စိတ်ဝင်စားသူများအတွက် စင်ကာပူနိုင်ငံ၌ သင်ကြားနိုင်ရန် ဆက်သွယ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း STUDY ABROAD Information Centre မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။    အဆိုပါ Game Design တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် ဒီပလိုမာ (ပထမနှစ်) ပြီးပါက Game Design နှင့်ပတ်သက်၍ Industrial Attachment  ၃လ စီစဉ်ပေးမည် ဖြစ်ကြောင်းသိရသည်။ Early childhood care and Education ဘာသာရပ်ကိုလည်း ပညာအရည်အချင်းပေါ်မူတည်၍ ရိုးရိုး Certificate  လက်မှတ်မှ မဟာတန်းအထိ တက်ရောက်နိုင်မည် ဖြစ်ကြောင်းနှင့် ယင်းဘာသာရပ်အတွက် ဘွဲ့ရကျောင်းသားများနှင့် IELTS 6.0 ရရှိထားသူများသည် Specialist Diploma သို့ တက်ရောက်နိုင်မည် ဖြစ်ကြောင်းသိရသည်။    ၎င်းအပြင် အင်ဂျင်နီယာဘာသာရပ်အတွက်လည်း အင်္ဂလန်နိုင်ငံတက္ကသိုလ်မှ တိုက်ရိုက်ချီးမြှင့်မည့် Certificate ကိုရရှိနိုင်မည် ဖြစ်ပြီး ယင်းသင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက STUDY ABROAD Information Centre ဖုန်း-၅၂၄၁၂၆၊ ၇၀၁၃၃၁ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။