Main menu

Background

James Cook University သို့ ဧပြီလမှစတင်၍ လျှောက်ထားနိုင်

Tue, 03/23/2010 - 10:21 -- Anonymous (not verified)

    James Cook University သြစတြေးလျ၏ စင်ကာပူ ကျောင်းခွဲတွင် မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများအနေဖြင့် Computing and Networking နှင့် Internative Technologies and Game Design ဘာသာရပ် များကို ဧပြီလမှစတင်၍ လျှောက်ထားနိုင်ကြောင်း သိရသည်။    အဆိုပါတက္ကသိုလ်သည် သြစတြေးလျအစိုးရ၏ အထောက်အပံ့ရကျောင်းတစ်ကျောင်းဖြစ်သည်။ Computing and Networking ဘာသာရပ်အား သင်ယူမည့်ကျောင်းသား၊ ကျောင်းသူများသည် ကွန်ပျူတာသိပ္ပံဘာသာရပ်နှင့် အိုင်တီ အသုံးချ ဘာသာရပ်များကို သင်ယူရမည်ဖြစ်သည်။    Interative Technologies and Game Design သင်ယူမည့်သူများအနေဖြင့် Animation and Simulation Technologies, Technological and Software Engineering နှင့် Intractive ဘာသာရပ်များကို အဓိကထားသင်ယူ ရမည်ဖြစ်ကြောင်း Tip Top ပညာရေး ဝန်ဆောင်မှု လုပ်ငန်းမှ သိရသည်။