Main menu

Background

JBL Brand Promotionပွဲ ဒဂုံစင်တာတွင် ကျင်းပမယ်

Wed, 02/17/2010 - 14:18 -- Anonymous (not verified)

ဲ   JBL အမှတ်တံဆိပ် Car, Home, Pro Audio များရဲ့ ပရိုမိုးရှင်းပွဲကို ဖေ ဖော်ဝါရီလ ၂ဝ ရက် နေ့မှ ၂၁ ရက် နေ့အထိ ဒဂုံစင်တာမှာ ကျင်းပမယ်လို့သိရပါတယ်။   ဒီပွဲမှာ စတိတ်ရှိုးပွဲသုံး  Truss System  တွေ၊ သာသနာ့အဆောက်အအုံ အသံထွက်ပစ္စည်းတွေ၊  စတူဒီယို သုံးပစ္စည်းတွေ၊FM Radio Station အသုံးပြုပစ္စည်းတွေ၊ ၊အစည်းအဝေး ခန်းမသုံး Conferencing System ၊ ရုပ်ရှင်ရုံသုံး 5.1, 7.1 Sound Systemတွေကို ပြသမှာ ဖြစ်ပါတယ်။   JBL Brand  ကို မြန်မာပြည် ကိုယ်စားလှယ်ရထားသူဦးသက်ထူးက JBL ပစ္စည်းတွေကို ပြန်လည်ရောင်းချ လို သူအတွက် အထူး အစီအစဉ်နဲ့ ဆောင်ရွက်ပေးမယ်လို့ဆိုပါတယ်။ မကြာခင်မှာ အဆင့်မြင့် Soung System တွေထပ်မံတင်သွင်းပေးမယ်လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။