Main menu

Background

Trade Development Programme (TDP) Project ကော်မတီ၏ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

Fri, 08/07/2015 - 21:01 -- journal_editor

     ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Trade Development Programme –TDP) ၏ ဆောင်ရွက်မှုလုပ်ငန်းစဉ်တစ်ရပ်အနေဖြင့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမသစ်၊ ရုံးအမှတ် (၃)၊ နေပြည်တော်တွင် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၌ Trade Deve-lopment Programme (TDP) Project  ကော်မတီ၏ ပထမအကြိမ်  ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ရာ အဆိုပါအစီအစဉ်၏ စီမံကိန်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးညွန့်အောင် တက်ရောက်၍  အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
     အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ကုန်သွယ်ရေးဦးစီးဌာန၊   ကုန်သွယ်မှု မြှင့်တင်ရေးနှင့်  စားသုံးသူရေးရာဦးစီး ဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ် ကဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သုတေသနနှင့် တီထွင်ဆန်း သစ်မှုဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊  အကောက်ခွန် ဦးစီးဌာနတို့မှ ကော်မတီဝင်များ ၊ GIZ အဖွဲ့မှ  ကျွမ်းကျင်ပညာရှင်များအပါအဝင် စုစုပေါင်း အင်အား ၂၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ်  ဦးညွန့်အောင်နှင့်  GIZ ၏ စီမံချက်ဆိုင်ရာ အကြီးတန်း ခေါင်းဆောင် Ms. Irina Scheffmann wdkYu တို့ကအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် TDP စီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုများနှင့်လုပ်ငန်းအစီအစဉ်များအား တရားဝင်စတင်နိုင်ရန် ပြုလုပ် ထားသော ကနဦးအစီရင်ခံစာအား အတည်ပြုဆွေးနွေးသွားကြရန်နှင့် ၎င်းင်း စီမံချက်ပါ ချမှတ်ထားသောလုပ်ငန်းစဉ် များအား ကူညီဖော်ဆောင်နိုင်ရေးအနီး ကပ်လက်တွဲဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊  TDP  စီမံကိန်းအော င်မြင်မှုရရှိပါက ကုန်သွယ်မှုနှင့် ဆက်စပ်နေသော ဌာနများသာမက မိတ်ဖက်အဖွဲ့အစည်း များအတွက်လည်း အကျိုးဖြစ်ထွန်းနိုင် ပါကြောင်း၊အဖွဲ့အစည်းများနှင့် Stake-holders များအား တာဝန်ယူမှုများနှင့် အတူ ပူးပေါင်းဆော င်ရွက်မှုများပြုလုပ်စေလိုပါကြောင်း၊ တက်ရောက်လာသည့် ကော်မတီဝင်များအနေဖြင့် အကြံဉာဏ် နှင့် အတွေ့အကြုံများ မျှဝေဖလှယ်ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲတွင်  GIZ အဖွဲ့မှ စီမံ ချက် Report နှင့် လုပ်ငန်းစဉ်ဇယားတို့ နှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။
     ထို့နောက် တက်ရောက်လာကြ သော ကော်မတီဝင်ပုဂ္ဂိုလ်များမှ စီမံ ချက် Report အား အတည်ပြုခဲ့ပြီး မိမိ တို့ဌာန၏လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများအား  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးအကြံပြုချက်များနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းစဉ်အား  TDP လုပ်ငန်းစဉ် ဇယားတွင် လိုအပ်သလို ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ အဆိုပါ ညှိနှိုင်း အစည်းအဝေးသည် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြစ်သော (Trade Development Programme –TDP) ၏အစိတ်အပိုင်းတစ်ရပ်အနေ ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ဥရောပ သမဂ္ဂအဖွဲ့(EU)နှင့် ဂျာမနီသမ္မတနိုင်ငံတို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်Trade  Development Programme (TDP)  ကို ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သုံးနှစ် ကြာဆောင်ရွက်မည့် စီမံကိန်းတစ်ခုအနေဖြင့်ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်ပါသည်။ TDP အစီအစဉ် ကို  GIZ အဖွဲ့မှ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ၤFocal Ministry အဖြစ်  သက်ဆိုင်ရာ ဌာနများနှင့်  ညှိနှိုင်းပေါင်းစပ်  ဆောင်ရွက်ပေး လျက်ရှိပါသည်။
     ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြစ်သော (Trade Develop-ment Programme –TDP) တွင် ကုန် သွယ်မှုမူဝါဒနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ၊ ကုန်သွယ်မှုလွယ်ကူ လျင်မြန်ချောမွေ့စေရေးနှင့်  အကောက်ခွန်ဆိုင်ရာ၊အစားအသောက်ဘေးကင်း လုံခြုံရေးနှင့်Sanitary  and  Phytosani-tary Standards ဆိုင်ရာနှင့် အမျိုးသား အဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အဦများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍလေးရပ် ဖွံ့ဖြိုးတိုးတက်ရေးအား ဦးတည်ဆောင်ရွက်လျက်ရှိပါသည်။