Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Tue, 09/22/2020 - 12:40 -- journal_editor

နေပြည်တော်၊ စက်တင်ဘာ ၁၈        ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သော ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြား သည်။

             ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝါသီးနှံသည် ပြည်တွင်းတွင် ရက်ကန်းလုပ်ငန်းများဖြင့်ဆက်စပ်၍ ချည်ထုတ်လုပ်မှုများရှိကြသကဲ့သို့ အမျိုးသားပို့ကုန် မဟာဗျူဟာတွင် အထည်အလိပ်ကဏ္ဍသည် ဦးစားပေးကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါကြောင်းနှင့် ဝါထုတ်လုပ်မှုတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံ၏စီးပွားရေးတွင် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် တာဝန်ယူဆောင်ရွက်နေ ရသဖြင့် ပြည်ပတင်ပို့မှုများအပြင် ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပြည်တွင်းတွင် ချည်ခင်ပိုမိုထုတ်လုပ်နိုင်ရေး၊ အရည်အသွေးကောင်းသည့် ချည်မျှင်များနှင့် အထည်အလိပ်များထုတ်လုပ်နိုင်ရေး၊ စက်ရုံများဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူး ပေါင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ပြည်ပတင်ပို့မှုတိုးတက်ရေးနှင့်အတူ ပြည်ပမှတင် သွင်းရသော ချည်ခင်များနေရာတွင် ပြည်တွင်းထုတ်ချည်ခင်များကို သွင်းကုန်အစားထိုးထုတ် လုပ်နိုင်ရေးတို့ကို ရည်ရွယ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

             အစည်းအဝေးတွင် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတိုးတက်ရေးနှင့် ပြည်ပသို့တင်ပို့ခြင်း နှင့်တင်သွင်းသည့်ကိစ္စရပ်များ၊ ပြည်တွင်းကုန်သွယ်ရေးအခြေအနေများ၊ ပို့ကုန်မြှင့်တင်ရေး နှင့် ပြည်တွင်းထုတ်ကုန်များဖြင့် ပြည်ပတင်သွင်းမှုကို အစားထိုးနိုင်ရေးဆိုင်ရာကိစ္စရပ်များကို  ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပညာရှင်များမှ စာတမ်းငယ်များဖြင့် ရှင်းလင်း ဖတ်ကြားခဲ့သည်။ ဆက်လက်၍ ဝါသီးနှံကဏ္ဍ၏ တန်ဖိုးကွင်းဆက် တစ်လျှောက်ဖွံ့ဖြိုးတိုး တက်ရေးနှင့် ချည်မျှင်ထုတ်လုပ်မှုများ ဖွံ့ဖြိးတိုးတက်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဝါနှင့်ဝါ ထွက်ပစ္စည်းကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်း၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း တိုင်းဒေသကြီးတို့မှ ဝါစိုက်တောင်သူများ၊ ချည်မျှင်စက်ရုံများ၊ ရက်ကန်းလုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များမှ ၎င်းတို့ကြုံတွေ့ရသည့် အခြေအနေများနှင့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ ငွေကြေးအရင်းအနှီးရရှိရေး၊ အရည်အသွေးကောင်းမွန်သော ချည်ခင်များရရှိရေး၊ ပြည်တွင်း ချည်မျှင်စက်ရုံများဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပမှတင်သွင်းလာသည့် ချည်မျှင်များနှင့် ယှဉ်ပြိုင် နိုင်ရေးနှင့် ဝါသီးနှံကဏ္ဍတန်ဖိုးကွင်းဆက် တစ်လျှောက်လုံးဖွံ့ဖြိုးတိုးတက်ရေး အတွက် အား သာချက်၊ အားနည်းချက်များ၊ စိန်ခေါ်မှုများနှင့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

             အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဌ၊ မြန်မာနိုင်ငံဝါနှင့် ဝါထွက် ပစ္စည်းကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းရှင်များအသင်း၊ ချည်မျှင်စက်ရုံများ၊ ရက်ကန်း လုပ်ငန်းရှင်များ၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ ကုန်သွယ်မှုဗဟိုဌာနမှ တာဝန်ခံများ၊ ဝါစိုက်တောင်သူများတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

 

                                                                                                          MOC IR