Main menu

Background

အသိပေးကြေငြာချက်

Tue, 09/22/2020 - 13:24 -- journal_commerce

ကုန်သွယ်ရေးဦးစီးဌာနက စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိသော CO Form များအနက် သက်ဆိုင်ရာFree Trade Area ၏ လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုထားသောအချို့ CO Form များကို လက်မှတ်နှင့်ရုံးတံဆိပ်များကို Electronic စနစ်ဖြင့် စိစစ်ခွင့်ပြုထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ CO Form လျှောက်ထားရယူလျက်ရှိသော ကုမ္ပဏီများမှ ဒါရိုက်တာစာရင်းပါ ဒါရိုက်တာနှစ်ဦး၏ အမည်၊ ရာထူး၊ လက်မှတ် နမူနာနှင့် ကုမ္ပဏီဆိုင်ရာအချက်အလက်များကို http://www.myanmartradenet.com.mm/signature/ တွင် ဝင်ရောက်၍ အင်္ဂလိပ်ဘာသာဖြင့် အချက်အလက်များကို (၅-၁၀-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ ဖြည့်သွင်းပေးပါရန် အသိပေးကြေညာအပ်ပါသည်။