Main menu

Background

အိန္ဒိယနိုင်ငံအစိုးရမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲ တန်ချိန် (၁ ဒသမ ၅)သိန်း ထပ်မံ တင်သွင်းခွင့်ပြု

Fri, 10/09/2020 - 12:28 -- journal_editor

အိန္ဒိယနိုင်ငံ၏ ၂၀၁၅ - ၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ၂၀၁၇ ခုနှစ်မှ စတင်၍ ပဲတင်သွင်းမှုကို ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်လာခဲ့ပြီးနောက်ပိုင်း မိမိတို့ ပဲစိုက် တောင်သူများ၊ ကုန်သည်လုပ်ငန်းရှင်များ အကျိုးထိခိုက်မှုမရှိ စေရေးအတွက် အိန္ဒိယနိုင်ငံသို့ နှစ်စဉ် ပဲကိုတာ ရရှိတင်ပို့နိုင်ရေး အိန္ဒိယနိုင်ငံအစိုးရနှင့် ညှိနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်လျက် ရှိသည်။

အိန္ဒိယနိုင်ငံမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် တင်သွင်းခွင့်ပြုထားသည့် မတ်ပဲတန်ချိန် လေးသိန်းအား တင်သွင်းခွင့်ကာလကို မူလက  ၃၁ -၃-၂၀၂၁  အဖြစ် သတ်မှတ်ခဲ့သော်လည်း အိန္ဒိယနိုင်ငံ Ministry of Commerce and Industry အောက်ရှိ Department of Commerce ၏ ၂၂-၅-၂၀၂၀ ရက်စွဲပါအသိပေးကြေညာချက် S.O.1605(E) အရ  ၃၁-၈-၂၀၂၀ ရက်နေ့အပြီး တင်သွင်းရန် ပြောင်းလဲသတ်မှတ်ခဲ့မှုအပေါ် မူလသတ်မှတ်ရက်အတိုင်းသာ တင်သွင်းခွင့်ရရှိနိုင်ရေး အိန္ဒိယနိုင်ငံဘက်သို့ G to G ညှိနှိုင်းမှုများကို ပြုလုပ်ခဲ့သည်။

ယခုအခါ  အိန္ဒိယနိုင်ငံ အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲ တန်ချိန်(၁ ဒသမ ၅) သိန်းအား ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်နောက်ဆုံးထား၍ တင်သွင်းခွင့်ပြု မည်ဖြစ်ကြောင်း Ministry of Commerce and Industry အောက်ရှိ Department of Commerce မှ အသိပေး ကြေညာချက် S.O.3446(E)ကို ၁-၁၀-၂၀၂၀ ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

ယခုလို အိန္ဒိယနိုင်ငံအစိုးရမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲ တင်သွင်းခွင့် ကိုတာ ထပ်မံခွင့်ပြုပေးမှုမှာ G to G ညှိနှိုင်းမှုအပေါ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ရှေ့ရှုသည့် ပုံရိပ်များပေါ်လွင်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ မတ်ပဲ လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၁ ခုနှစ် မတ်လကုန်အထိ အိန္ဒိယနိုင်ငံသို့ ဆက်လက် တင်ပို့ရောင်းချလိုသည့် လက်ဝယ်ရှိ  မတ်ပဲအရေအတွက်မှာ ယခုအိန္ဒိယနိုင်ငံမှ ထပ်မံတင်သွင်းခွင့်ပြုလိုက်သည့် တန်ချိန်(၁ ဒသမ ၅) သိန်း အပေါ် လုံလောက်မှုရှိကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ စုံစမ်းသိရှိရ ပါသည်။  

နှစ်နိုင်ငံ