Main menu

Background

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Wang Shouwen တရုတ် (ပေကျင်း) လွတ်လပ်သော ကုန်သွယ်မှု ဒေသ (Beijing Pilot Free Trade Zone) ဆိုင်ရာ တိုက်တွန်းနှိုးဆော်ခြင်းနှင့် ဖြန့်ကျက်ခြင်းဆိုင်ရာ အစည်းအဝေးတွင် အမှာစကားပြောကြား

Tue, 10/13/2020 - 15:07 -- journal_editor

ဝန်ဆောင်မှုကုန်သွယ်ရေးအစည်းအဝေးမှ သမ္မတကြီးရှီကျင့်ဖျင်၏ မိန့်ခွန်းအရ အမျိုးသား၀န်ဆောင်မှုလုပ်ငန်းတိုးချဲ့ရန်နှင့် ဖွင့်လှစ်ရန်အတွက်ပြည့်စုံသောသရုပ်ပြမှုဆိုင်ရာ စိတ်ဓာတ်နှင့်ဖန်တီးမှုများအပေါ် ဘေကျင်းမြို့ရှိ အကောင်အထည်ဖော်ဆောင်နေမှုများနှင့် တရုတ် (ပေကျင်း) လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ တိုက်တွန်းနှိုးဆော်ခြင်းနှင့် ဖြန့် ကျက်ခြင်းဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို အောက်တိုဘာလ ၉ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ရာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးညှိနှိုင်း မှု၏ ဒုတိယကိုယ်စားလှယ် Wang Shouwen က အမှာစကား ပြောကြားခဲ့ပါတယ်။

Mr. Wang Shouwen က သမ္မတရှီကျင့်ဖျင်၏ မိန့်ခွန်းတွင် တရုတ်နိုင်ငံ၏ မယိမ်းယိုင် သည့် တွန်းအားများဖြင့် ပြုပြင်ပြောင်းလဲမှုများ၏ ယုံကြည်မှုများနှင့် ဆုံးဖြတ်ချက်များကို ဖော်ကျူးခဲ့ရုံသာမက ကမ္ဘာ့စီးပွားရေးပြန်လည် ထူထောင်ရေးကို မြှင့်တင်ရာ၌ တရုတ်၏ ဉာဏ်ပညာနှင့် တာဝန်ယူမှုများကိုလည်း ထုတ်ဖော်ပြသခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သမ္မတကြီး၏ ဝန်ဆောင်မှုကုန်သွယ်ရေးအစည်း အဝေးမိန့်ခွန်းအား သေသေချာချာလေ့လာ၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး လေ့လာသင်ကြားမှုရလဒ်များကို အုပ်ချုပ်မှုကဏ္ဍများနှင့် စီးပွားရေးစွမ်းဆောင်ရှင်များအတွက် အားကောင်းသော လှုံ့ဆော်မှုများ အဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Mr. Wang Shouwen က ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ တိုးချဲ့ခြင်းသည် ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ခုလုံးကို လမ်းဖွင့်ပေးခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ယှဉ်ပြိုင် မှုဆိုင်ရာ သစ်လွင်သော အားသာချက်များ ပြုစု ပျိုးထောင်ခြင်း၊ လိုအပ်သော ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ်များကို တည်​ဆောက်ခြင်းတို့အတွက် အရေးပါသော အချက်တစ်ချက်ဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဘေကျင်းမြို့ရှိ ဆက်စပ် ဌာနများနှင့် အတူလက်တွဲဆောင်ရွက်ပြီး အမျိုးသားအဆင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့နိုင်ရေး အတွက် ပြီးပြည့်စုံသော သရုပ်ပြဧရိယာတစ်ခု တည်ထောင်ရာတွင် ကောင်းမွန်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဘက်စုံအဆင့် (all-round), high-level, deep-level အဆင့်အလိုက် ရိုးသားပွင့်လင်းမှုရှိစေရေး တိုးမြှင့်စစ်ဆေး၍ အတုယူ၍ရသော၊ မြှင့်တင်၍ရသော အတွေ့အကြုံများကို စူးစမ်းရှာဖွေကာ ဘေကျင်းမြို့အား တရုတ်နိုင်ငံဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍတိုးချဲ့ခြင်း၏ ဦးစီးဦးဆောင်အဖြစ် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထို့ပြင် Mr. Wang Shouwen က ရှေ့ပြေးလွတ်လပ်သောကုန်သွယ်မှုဇုန် (Pilot Free Trade Zone) တည်ဆောက်ခြင်းသည် ခေတ်သစ်တွင် သမ္မတရှီကျင့်ဖျင်၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပွင့်လင်းမြင်သာမှုများကို အဓိကထားလျက် ပါတီဗဟိုကော်မတီ၏အရေးပါသော မဟာ ဗျူဟာမြောက် အစီအမံဖြစ်ပြီး ပြည်ပတိုးချဲ့ဖွင့်လှစ်မှုများနှင့်စပ်လျဉ်း၍ ဘက်ပေါင်းစုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲခြင်းနှင့် သစ်လွင်သော ဖွံ့ဖြိုးတိုးတက်မှု အယူအဆအတွေးအခေါ်များ အကောင်အထည်ဖော်ခြင်းသည် အလွန်အရေးပါပါကြောင်း ပြောကြားခဲ့ပါတယ်။ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဘေကျင်းမြို့ရှိ ဆက်စပ်ဌာနများနှင့် အတူလက်တွဲ၍ အချက်အလက်များ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ရေးမြှင့်တင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်ခြင်း၊ ဖွံဖြိုးတိုးတက်မှုစွမ်းအားအသစ်များ တက်ကြွစေရေး လှုံ့ဆော်ပေးခြင်း၊ သစ်လွင်သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအားသာချက်များ ဖန်တီးခြင်း၊ အရည်အသွေး မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုများကို ခိုင်မာစွာ မြှင့်တင်ခြင်းတို့အတွက် Beijing Pilot Free Trade Zone အား ထောက်ပံ့ဆောင်ရွက်ပေးပါကြောင်း ပြောကြားခဲ့ပါတယ်။

ယခုအစည်းအဝေးသို့ ဘေကျင်းမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော် မြူ နီစီပယ်အစိုးရအဓိကတာဝန်ခံ၊ ဘေကျင်းမြို့ရှိ စည်ပင်သာယာရေးကော်မတီများ၊ ရုံးများ၊ ဗျူရိုများနှင့် ဒေသအသီးသီးမှ တာဝန်ရှိသူများ၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပြီး ဗဟိုနှင့် ပြည်နယ်ကောင်စီအစိုးရဌာနများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသားအဆင့် ဝန်ဆောင်မှုလုပ်ငန်း တိုးချဲ့နိုင်ရေးအတွက် ကောင်းမွန်ပြည့်စုံသော သရုပ်ပြဇုန်တည်ဆောက်ခြင်းသည် ပါတီဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီအနေဖြင့် ဘေကျင်းဝန်ဆောင်မှုလုပ်ငန်းများ တို့ချဲ့ဖွင့်လှစ်ခြင်း အတွက် သစ်လွင်သောဖြန့်ကျက်မှုများဖြစ်ကြောင်း၊ နိုင်ငံတော်ကောင်စီအနေဖြင့် ဘေကျင်းတွင် ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့ ဖွင့်လှစ်နိုင်ရေးအတွက် ပြည့်စုံကောင်းမွန်သော ရှေ့ပြေးစီမံကိန်း (၃) ခုကို အကောင်အထည်ဖော်ရန် အပြုသဘောဆောင်သည့် ရလဒ်များဖြင့် အတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ပြည့်စုံသော သရုပ်ပြဇုန်တစ်ခုတည်ဆောက်ခြင်းသည် ပြည့်စုံသောစမ်းသပ်မှုအတွက် အဆင့်မြှင့်တင်မှုအဆင့် သစ်တစ်ခုဖြစ်ပါကြောင်း၊ Beijing Pilot Free Trade Zone သည် တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးသော လွတ်လပ်သော ကုန်သွယ်ရေးဇုန်များထဲမှ တစ်ခုဖြစ်ပါကြောင်း၊ ယခုနှစ် စက်တင်ဘာလ ၂၄ ရက်မှစ၍ တရားဝင်စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ လက်ရှိတွင် တစ်နိုင်ငံ လုံး၌ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ၂၁ ခုကို တည်ထောင်ပြီးဖြစ်ပါကြောင်းနှင့် အရှေ့အနောက်တောင်မြောက်နှင့် အလယ်ဗဟိုအပါအဝင် အရပ်မျက်နှာပေါင်းစုံလွှမ်းခြုံလျက် ပုံစံအသစ်ဖြင့် ဖွဲ့စည်းထားပါကြောင်း ပြောကြား ခဲ့ပါတယ်။

Source: http://www.mofcom.gov.cn/article/news/202010/20201003006412.shtml

ခိုင်ဖူးဝေ (ဒေသတွင်း)