နေပြည်တော်၊ အောက်တိုဘာ ၂၇ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ (၀၉:၀၀) နာရီ အချိန်တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည် ဖော်ရေးဆိုင်ရာ နှစ်နိုင်ငံဒေသအဆင့်လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြု လုပ်ရာ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းနှင့် တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ်၊ ကုန်သွယ်ရေးဌာန၊ ညွှန်ကြား ရေးမှူးချုပ် Mr. Zhao Ruijun တို့မှဦးဆောင်ပြုလုပ်ခဲ့သည်။
ဒေသအဆင့်လုပ်ငန်းအဖွဲ့၏ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ လအတွင်း ကျင်းပသွားရန် နှစ်ဘက်စလုံးမှ သဘောတူညီခဲ့ကြကြောင်းနှင့် အစည်းအဝေးသည် မြန်မာ-တရုတ် နှစ်နိုင်ငံ၏ အစဉ်အလာကောင်းခဲ့သော ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေပြီး နယ်စပ်ဒေသနှင့် နယ်စပ်နေပြည်သူများ အကျိုးစီးပွားပိုမို တိုးတက်လာစေရန်အတွက် နယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် များစွာ အထောက်အကူပြုစေရန် ကျင်းပသည့် အစည်းအဝေးဖြစ်ပါသည်။
ယနေ့ကျင်းပသည့်အစည်းအဝေးသို့ ကူမင်းမြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ကူမင်းကောင်စစ်ဝန် ချုပ် ဦးထွန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ စီးပွားရေးသံ မှူး Mr. Tan Shu Fu ၊ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တက်ဟုန်းပြည်နယ်ခွဲမှ အစိုးရအဖွဲ့ဝင် Ms. Wang Yu နှင့် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တာဝန်ခံ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
MOC IR