Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး Enhanced Integrated Framework အစီအစဉ်ဆိုင်ရာ မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ခြင်းစီမံကိန်းကြီးကြပ်လမ်းညွှန်မှုဆိုင်ရာ ကော်မတီအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Tue, 11/03/2020 - 12:18 -- journal_editor

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၈ ရက် (၁၄:၀၀) နာရီအချိန်တွင်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် Enhanced Integrated Framework အစီအစဉ် ဆိုင်ရာ မြန်မာနိုင်ငံဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်းကြီးကြပ်လမ်းညွှန်မှုဆိုင်ရာ ကော်မတီအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာ စကားပြောကြားသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ အပြင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုဖွံ့ ဖြိုးမှုရေးအတွက် အထောက်အကူပြု အစီအစဉ် (Aid for Trade) ၏ ဖွံ့ဖြိုးဆဲနိုင်ငံများ ကမ္ဘာ့ကုန် သွယ်မှုစနစ်အတွင်းပေါင်းစည်းပါဝင်ခြင်း တိုးချဲ့ဆောင်ရွက်မှု မူဘောင် (Enhanced Integrated Framework) ကို ပါဝင်ဆောင်ရွက်လာခဲ့ရာ ယခုအခါ ဒုတိယအဆင့်ကို ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ အဆိုပါဒုတိယအဆင့်တွင် မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်း (Myan- mar Services Trade Enhancement Project) ကို အကောင်အထည်ဖော်လျက်ရှိပြီးဖြစ်ကြောင်း၊ ယခုအစည်းအဝေးမှာ စီမံကိန်းအကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ component များ၏ တစ်နှစ် တာအကောင်အထည်ဖော်မှုအစီရင်ခံစာ၊ ကမ္ဘာ့ဘဏ်၏ သုံးသပ်မှုအစီရင်ခံစာနှင့် e-commerce strategy အကောင်အထည်ဖော် မှုအစီရင်ခံစာများကိုဆွေးနွေးကြခြင်းဖြစ်ကြောင်း၊ နောင် (၆) လ၌ ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာအချက်များကို ဆွေးနွေးဆုံးဖြတ်ကြပြီး မိမိတို့၏ ဗဟုသုတအတွေ့ အကြုံများအား အခြေခံကာရလဒ်ကောင်းထွက်ပေါ်လာရေး ဆက်လက်ကြိုးပမ်းကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် စီမံကိန်းအကောင်အထည်ဖော်နေသူများက ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍ မြှင့် တင်နိုင်ရန်အတွက် လိုအပ်သောစွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ လိုအပ်ချက်များကို လေ့လာထားသည့် အစီရင်ခံစာနှင့် ၎င်းကဏ္ဍအတွက်လိုအပ်သော စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အစီအစဉ်များကို အတည်ပြုခြင်း၊ စီမံကိန်းဆက်လက်ဆောင်ရွက်မည့် (၆)လစာအစီအစဉ်များ အတည်ပြုခြင်းများကို ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီး တက် ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအပေါ်တွင် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြ သည်။ Enhan- ced Integrated Framework အစီအစဉ်ဆိုင်ရာ မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင် ခြင်း စီမံကိန်းကြီးကြပ်လမ်း ညွှန်မှုဆိုင်ရာကော်မတီအစည်းအဝေးသို့ ဦးစီးဌာနပေါင်း (၆) ခုမှ (၄၉) ဦး၊   ပုဂ္ဂလိက အဖွဲ့အစည်းမှ (၅) ဦး၊ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းမှ  (၃)ဦး၊ စုစုပေါင်း (၅၇) ဦး တက်ရောက်ခဲ့ကြသည်။

          ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံမှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးသော အကူအညီပေးရေးဆိုင်ရာ Enhanced Integrated Frame-work (EIF) အစီအစဉ်ကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တာဝန်ခံဝန်ကြီးဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ Project Steering Committee အား Enhanced Integrated Framework (EIF) ၏ လုပ်ငန်းစဉ်များအား အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် မူဝါဒဆိုင်ရာများနှင့်ပတ်သက်၍ လမ်းညွှန်ကြီးကြပ်အကြံပေးဖော်ဆောင်သွားရန် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ကော်မတီ၏လုပ်ငန်းတာဝန်များအရ စီမံကိန်းတိုးတက်မှုရလဒ်များ၊ အစီရင်ခံစာများအား စိစစ် အကဲဖြတ်၍ အကြံပြုချက်များပေးနိုင်ရန်ရည်ရွယ်၍ ကော်မတီအစည်းအဝေးအား ကျင်းပခြင်းဖြစ်ပါသည်။

ဝန်ဆောင်မှုကဏ္ဍသည် ကုန်သွယ်မှုကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး ထောက်ပံ့ပို့ဆောင်ရေး(logistics)ကဏ္ဍ၊ ဖြန့်ဝေရေး (distribution) ကဏ္ဍ၊ စာတိုက်ဝန်ဆောင်မှု (postal services)နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုမှ တစ်ဆင့် ကုန်ပစ္စည်းများကို စားသုံးသူများထံရောက်ရှိနိုင်ရေး ထိရောက်မြန်ဆန်မှုရှိသော ဝန်ဆောင်မှုကဏ္ဍကို အသုံးပြုနေကြပြီဖြစ်သဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် “ဒီဂျစ်တယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ဆောင်မှုကုန်သွယ်ရေးကိုမြှင့်တင်ခြင်း”“Enhancing Service Trade for Digital Economy” ကို စတင်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်းအား မြန်မာနိုင်ငံအစိုးရအနေဖြင့် လက်ခံကျင့်သုံးလျက်ရှိသော မူဝါဒများနှင့် မဟာဗျူဟာများကို အကောင်အထည်ဖော်ဆောင်ရာတွင် ပံ့ပိုးနိုင်စေရန်နှင့် မြန်မာနိုင်ငံ ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) (2018-2030) ကို အထောက်အပံ့ဖြစ်စေနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့်အပြင် Digital Economy Develop-ment Committee (DEDC) က ချမှတ်ထားသော Digital Economy Roadmap နှင့် COVID-19 Economic Recovery Plan (CERP) အရ ဆောင်ရွက်သောလုပ်ငန်းစဉ်များအတွက်လည်း အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။

          မြန်မာနိုင်ငံ၏ Enhanced Integrated Framework (EIF) အစီအစဉ်၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကြောင်းအရာများအား အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ WTO နှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၃၁၆၊ ဖက်စ်-၀၆၇-၄၀၈၃၁၁၊ aidfortradecoordinationunit@ gmail.com တို့သို့ ဆက်သွယ်မေးမြန်းဆောင်ရွက်သွားနိုင်ပါကြောင်းသိရှိရပါသည်။

MOC(IR)