Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး နိုင်ငံတော်မှ ဝယ်ယူစုဆောင်းထားသော အရေးပေါ်ရိက္ခာဆန်များကို ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အရေးပေါ်ရိက္ခာများဝယ်ယူရေးကြီးကြပ်မှုကော်မတီအစည်းအဝေး သို့ တက်ရောက်

Fri, 11/20/2020 - 19:54 -- journal_editor

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပပြုလုပ်သည့် နိုင်ငံတော်မှ ဝယ်ယူစုဆောင်းထားသော အရေးပေါ်ရိက္ခာဆန်များကို ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အရေးပေါ်ရိက္ခာများဝယ်ယူရေးကြီးကြပ်မှုကော်မတီ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယခုကျင်းပသည့်အစည်းအဝေးသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၌ COVID-၁၉ ရောဂါစတင်ဖြစ်ပွားမှုကြောင့် Stay at Home နေရသည့်အခြေ အနေ၊ သွားလာမှုများ ကန့်သတ်ထားရသည့်အခြေအနေများကြောင့် CERP စီမံချက်အရ အရေးပေါ် ရိက္ခာများ ဝယ်ယူစုဆောင်းခဲ့ရပါကြောင်း၊ ထိုသို့အရေးပေါ်ရိက္ခာများဝယ်ယူခဲ့ရာတွင် နိုင်ငံတော်က စိုက်ထုတ်ငွေ ကျပ် ၃၈ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်ကထိုသို့ဝယ်ယူခဲ့ခြင်းမရှိ သော်လည်း COVID-19 ကပ်ရောဂါကြောင့် ပြည်သူများစားနပ်ရိက္ခာ ပြတ်လပ်မှုမရှိစေရန် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဝယ်ယူခဲ့သည့် ရိက္ခာများအနက် ဆီများထက် ဆန်များမှာ ကာလ ကြာလာသည့်နှင့်အမျှ  ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာနိုင်သဖြင့် စီမံခန့်ခွဲရန်ကိစ္စ၊ လိုအပ်သည့်ရိက္ခာ များ ထပ်မံဝယ်ယူ ဖြည့်တင်းမည့်ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ရန်ကျင်းပခြင်းဖြစ်ကြောင်း၊ ဝယ်ယူထားသည့် ဆန်နှင့် စားသုံးဆီများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ အချိုးကျပေးပို့ခဲ့ပြီးဖြစ် ကြောင်း၊ ဆန်များကိုလည်း လိုအပ်ချက်ရှိသည့်နေရာများသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တစ်ဆင့် လက်လီဆိုင်များဖွင့်လှစ်၍ ပြန်လည်ရောင်းချပေးခြင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် များသို့ ထောက်ပံ့ပေးခြင်းများပြုလုပ်ခဲ့ကြောင်း၊ လက်ရှိဝယ်ယူထားသည့် အရေးပေါ်ဆန်များမှာ သိုလှောင်ချိန်ကြာမြင့်ပါက ပျက်စီးနိုင်ချေရှိသဖြင့် ထိုဆန်များကို မည်သို့ပြုလုပ်မည်၊ လာမည့်နှစ် အတွက် အရေးပေါ်ရိက္ခာဆန်လိုအပ်ချက်ကို မည်သည့်အစီအစဉ်ဖြင့် ဝယ်ယူသွားမည်၊ ဆန်သို လှောင်ရုံများကို မည်သို့ဆောင်ရွက်သွားမည်တို့ကို ဆွေးနွေးပေးစေလိုကြောင်း၊ အရေးပေါ် ရိက္ခာ ဆန်များဝယ်ယူခြင်း၊ သိုလှောင်ခြင်းလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသော ပြည်ပ တင်ပို့သူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဆန်စက်လုပ်ငန်းရှင်များ အသင်းနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များကိုလည်း  ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေး ပေးကြရန် ပြောကြားခဲ့သည်။

          ဆက်လက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌနှင့် အရေးပေါ်ရိက္ခာများဝယ်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေးတင်ပြခဲ့ကြပြီး ဝယ်ယူစု ဆောင်းထားရှိသော အရေးပေါ်ရိက္ခာဆန်နှင့် အရေးပေါ်ရိက္ခာ စားသုံးဆီများ လေလွင့်ဆုံးရှုံးမှုမရှိ စေရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ၂၀၂၁ ခုနှစ်အတွက် အရေးပေါ်ရိက္ခာ စုဆောင်းရေး အစီအစဉ်များကို အကြံပြုဆွေးနွေးခဲ့ကြကာ အရေးပေါ်ရိက္ခာများ ဝယ်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးရရှိမှုအခြေအနေများကို ဗဟိုကော်မတီသို့ တင်ပြလမ်းညွှန်မှု ခံယူပြီး ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ကော်မတီအဖွဲ့ဝင်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

MOC (IR)