Main menu

Background

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Wed, 11/25/2020 - 17:56 -- journal_editor

            ၂၀၂၀ ပြည်နှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၂/၂၀၂၀) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။

            ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အဖွင့်အမှာစကားပြောကြားရာ တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ကပ်ရောဂါဖြစ်ပွားနေခြင်းကြောင့် အခြားသောယှဉ်ပြိုင် မှုအာဏာပိုင်အဖွဲ့အစည်းများသည် အကောင်းဆုံးသောနည်းလမ်းများကိုရှာဖွေအသုံးချပြီး လုပ်ငန်း များလည်ပတ်နိုင်ရေးကြိုးပမ်းနေကြကြောင်း၊   ဤကဲ့သို့ကြိုးပမ်းကြရာတွင် COVID-19 ကာလအတွင်း တုန့်ပြန်ဆောင်ရွက်မှုများကို ဆောင်ရွက်နေကြသကဲ့သို့ COVID-19 ကာလအလွန် ထူထောင်ရေး လုပ်ငန်း များအတွက်လည်း ကြိုတင်ပြင်ဆင်နေကြရာ ယှဉ်ပြိုင်မှုအာဏာပိုင်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ အရေးပါလာကြကြောင်း၊ ကုန်စည်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုများအပေါ် ထိခိုက်မှုရှိလာ ချိန်တွင် ကုန်ပစ္စည်းများ အထူး သဖြင့် ကျန်းမာရေးသုံးဆေးဝါးပစ္စည်းများနှင့် အခြေခံကုန်ပစ္စည်းများတွင် ဈေးကစားမှုပြုခြင်းများကို ယှဉ်ပြိုင်မှုဥပဒေအရ တားဆီးအရေးယူရသည်များရှိလာပါကြောင်း၊ အခြား တစ်ဖက်တွင်လည်း အခြေအနေအရ နိုင်ငံအစိုးရအနေဖြင့် ပံ့ပိုးမှုများဆောင်ရွက်နေကြသကဲ့သို့ ဖြေလျှော့မှုများကိုလည်း ကာလအကန့်အသတ်ဖြင့် ပြုလုပ်နေကြရပါကြောင်း၊ ယှဉ်ပြိုင်မှုအာဏာပိုင် အဖွဲ့အစည်းများအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းများကို ယှဉ်ပြိုင်မှုဥပဒေမှ အတိုင်းအတာတစ်ခုအထိ ဖြေလျှော့ပေးနေရသည်များ လည်းရှိပါကြောင်း၊ ဥပမာအနေဖြင့် ယခင်က စီးပွားရေးလုပ်ငန်းများ ပူးပေါင်းမှုတွင် ယှဉ်ပြိုင်မှုအာဏာ ပိုင်များအနေဖြင့် စိစစ်ကြပ်မတ်မှုများပြုလုပ်သော်လည်း ကိုဗစ်ကာလ အတွင်း၌ ကျန်းမာရေးအထောက်အကူပြုကုန်ပစ္စည်း သို့မဟုတ် အရေးကြီးကုန်စည်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းများ ပေါင်းစည်းမှုများတွင်  ဖြေလျှော့ခွင့်ပြုပေးခြင်းများရှိလာကြောင်း၊  မိမိတို့အ‌နေဖြင့် ယခုကာလတွင်  ကော်မရှင်အတွက်လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ လမ်းညွှန်ချက်များကို ပြင်ဆင်ရေးဆွဲထားကြရန် တိုက်တွန်းလိုပါကြောင်း၊ ထိုသို့ ရေးဆွဲရာတွင် အဖွဲ့အစည်းအားလုံး၊ စီးပွားရေးလုပ်ငန်းအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက် ဆိုင်သူအားလုံးနှင့် ညှိနှိုင်းဆွေးနွေးမှုများကို အမြဲမပြတ်ပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင် ရွက်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ စိတ်ကောင်းစေတနာရှိခြင်းတို့နှင့် မိမိတို့ ကော်မရှင်၏ပုံရိပ်ကို တဖြည်းဖြည်းတည်ဆောက်မြှင့်တင်သွားရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

            ဆက်လက်၍ ကော်မရှင်အစည်းအဝေးကိုကျင်းပရာ (၁/၂၀၂၀) အကြိမ် အစည်းအဝေးဆုံးဖြတ် ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လက်ခံရရှိထားသောတိုင်ကြားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များနှင့် ပူးပေါင်းဆောင် ရွက်မှုအခြေအနေများအား ယှဉ်ပြိုင်မှုကော်မရှင်ရုံး တာဝန်ရှိသူက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ အစည်းအဝေးကို နေ့လယ် ၁၂ နာရီတွင် ရုပ်သိမ်းလိုက် ကြောင်းသတင်းရရှိသည်။

MOC(IR)