Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသို့ အွန်လိုင်းမှ တက်ရောက်အမှာစကားပြောကြား

Sat, 12/12/2020 - 12:59 -- journal_editor

  ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သော တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ (China-South Asia Expo) ဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး သည် ဝန်ကြီးဌာန အစည်းအဝေးခန်းမှ Online  ဖြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင်       မိမိတို့အနေဖြင့် COVID-19 ကပ်ရောဂါကို တုန့်ပြန်ဆောင်ရွက်နိုင်ရန်၊ ကုန်သွယ်မှုမြင့်တင်နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မှုကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ဒီဂျယ်တယ်စီးပွားရေး၏ အရေးပါသော အခန်းကဏ္ဍကို အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခုကျင်းပ သည့် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် မြန်မာအပါအဝင် တောင်အာရှ နိုင်ငံများနှင့် တရုတ် နိုင်ငံတို့အကြား မိတ်ဖက်ဆက်ဆံရေး၊ ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး တို့အတွက် အခြေခံကောင်းများ ချမှတ်ပေးနိုင်မည်ဖြစ်ပြီး ဒေသတွင်းရှိ ပြည်သူများအတွက် တည်ငြိမ်အေးချမ်းမှု၊ အပြန်အလှန်ယုံကြည်မှု၊ ပြည့်စုံကြွယ်ဝမှုတို့ကို ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း တောင်အာရှနှင့် တရုတ်နိုင်ငံအကြား ပေါင်းကူးတံတားသဖွယ် တည်ရှိနေမှုကိုလည်း ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊

          ထို့ပြင် Master Plan on ASEAN Connectivity (MPAC) 2020 နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းပါ ဦးစားပေးဆောင်ရွက်ရမည့် ကဏ္ဍများအတွက် ဆန်းသစ်သောနည်းလမ်း များကိုရှာဖွေ၍ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြင့်တင် ဆောင်ရွက်သွားလိုပါ ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်သည် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား ပိုမိုနီးကပ်သော ထိတွေ့မှုကို ဆောင်ကျဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊

          COVID-19 ကပ်ရောဂါကြောင့် တောင်အာရှ၊ တရုတ်နှင့် မြန်မာတို့အပါအဝင် ကမ္ဘာ တစ်ဝန်းလုံးတွင် ပေါ်ပေါက်လာသော စိန်ခေါ်မှုများသည် မိမိတို့၏ ပိုမိုစည်းလုံးညီညွတ်မှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်နိုင်မှုတို့ ပိုမိုလိုအပ် လာစေသည့် အခြေအနေများ ဖြစ်ပါကြောင်း၊ သို့ ဖြစ်ရာ ပုံမှန်ကုန်သွယ်မှုအပြင် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး၊ အွန်လိုင်းငွေပေးချေမှု စနစ်ကဲ့သို့သော ကုန်သွယ်မှုနည်းလမ်းအသစ်များကို လေ့လာဆန်းသစ်၍ ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်ရာ၌ စည်းမျဉ်းကိုအခြေခံသည့် နိုင်ငံစုံကုန်သွယ်မှုစနစ်ဖြစ် သည်နှင့်အညီ သက်ဆိုင်ရာကတိကဝတ်များကို လိုက်ပါဆောင်ရွက်ကြပြီး ကုန်သွယ်မှုဆိုင်ရာ အတားအဆီး များကိုလည်း ဖြေလျှော့ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့ထုတ်လုပ်မှု ကွင်းဆက်ကို ပွင့်လင်း၍ ပိုမိုဆန်းသစ်သောနည်းလမ်းများဖြင့် ပေါင်းစည်းပါဝင် ဆောင်ရွက်ကြ ခြင်းဖြင့် COVID-19 ၏ သက်ရောက်မှုများကို တုန့်ပြန်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ဤကုန်စည်ပြပွဲ၏ ရည်ရွယ်ချက်သည်လည်း COVID-19 ၏ သက်ရောက်မှုများကို ပူးပေါင်း လက်တွဲတုန့်ပြန်နိုင်ရန်နှင့် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုအဆင့်သို့ တက်လှမ်းဆောင်ရွက် နိုင်ရန်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် တရုတ်နိုင်ငံ၊ Vice Governor of Yunnan Province၊ Deputy Secretary of CPC Yunnan Provincial Committee & Acting Governor of Yunnan Province၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး၊ တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ Member of the CPC Leadership Group & Assistant Minister ၊ ပါကစ္စတန်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ Special Secretary၊ သီရိလင်္ကာနိုင်ငံ၊ Ratten, Brass, Pottery, Furniture and Rural Industrial Promotion ၏ State Minister ၊ လာအိုနိုင်ငံ Ministry of Industry and Commerce ၏ ဒုတိယဝန်ကြီး၊ ဗီယက်နမ်နိုင်ငံ၊ Ministry of Industry and Trade ၏ ဒုတိယဝန်ကြီးတို့က အမှာစကားများ ပြောကြားခဲ့ ကြပြီးနောက် တရုတ်နိုင်ငံ၊ Secretary of CPC Yunnan Provincial Committee ဖြစ်သူ H.E. Ruan Chengfa က အွန်လိုင်းပြပွဲဖွင့်လှစ်ကြောင်း ကြေငြာပြီးနောက် တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်အပါအဝင် ကူမင်းရှိ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များက စက်ခလုတ်နှိပ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါကုန်စည်ပြပွဲအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံမှကုမ္ပဏီ (၂၀) က ကျောက်မျက်ရတနာ များ၊ သစ်အချောထည်ပရိဘောဂပစ္စည်းများ၊ သစ်သီးဝလံများနှင့် စားသောက်ကုန်များအား အွန်လိုင်းမှ ပါဝင်ပြသခဲ့ပြီး ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန် ချုပ်ရုံးမှ ဦးဆောင်၍  Live Streaming for Promotion of Goods, Industry, Culture and Tourism of Myanmar ဖြင့် National Promotion Program တစ်ခု ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဖက်မှ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

MOC (IR)