Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော် ရေးဆိုင်ရာ ဗဟိုကော်မတီ၏ (ဆဋ္ဌမအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Fri, 12/18/2020 - 10:35 -- journal_editor

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ Video Conferencing  စနစ်ဖြင့် ကျင်းပပြုလုပ်သော မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန်တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာဗဟိုကော်မတီ၏ (ဆဋ္ဌမအကြိမ်)လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့  မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေး ဆိုင်ရာဗဟိုကော်မတီဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဗဟိုကော်မတီဥက္ကဌကအမှာစကားပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံသဘောတူညီချက်များအရ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်အတွက် မြန်မာနိုင်ငံဘက်မှ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဥက္ကဌအဖြစ် ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများပါဝင်သော ဒေသအဆင့်လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ထားခဲ့ရာ ၎င်းအဖွဲ့အနေဖြင့် နှစ်နိုင်ငံချိတ်ဆက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့ကြောင်း၊ မြန်မာဘက်ပူးပေါင်းဆောင်ရွက်မှုဇုန်တည်နေရာနှင့် ဧရိယာသတ်မှတ်တင်ပြနိုင်ရေးအတွက် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုဇုန်၏ မြေယာအသုံးချခွင့်ရရှိရေးအတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်ညှိနှိုင်း၍ ဆောလျင်စွာစိစစ်ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ဧရိယာသတ်မှတ်ပြီးမှသာ ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးဆိုင်ရာ မူဘောင်သဘောတူညီချက်ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခြင်းအပါအဝင် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက် နိုင်မည်ဖြစ်သဖြင့် လုပ်ငန်းစဉ်အားလုံး မြန်ဆန်ချောမွေ့စေရေးအတွက် ဗဟိုကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ ဗဟိုကော်မတီ ဒုတိယဥက္ကဌ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ဒုတိယဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်၊ ဗဟိုကော်မတီအဖွဲ့ဝင် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးကျောက်တယ်ချန်း၊ ဗဟိုကော်မတီ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး နှင့် ဗဟိုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ မြန်မာ-တရုတ် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက မြန်မာဘက်မှ ပူးပေါင်းဆောင်ရွက်မှုဇုန်တည်နေရာနှင့် ဧရိယာသတ်မှတ်တင်ပြနိုင်ရေးအတွက် ကွင်းဆင်းလေ့လာမှုဆောင်ရွက်ခဲ့သည့် အခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာကြသူများကပြန်လည် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး  အစည်း အဝေးကို (၁၃:၃၀) အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

MOC(IR)