စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနပိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဌာနပိုင်သိုလှောင်ရုံများတည်ရှိရာဝင်းအတွင်းရှိမြေ(၄၀၊×၃၅၊) အားအိတ်ဖွင့်တင်ဒါစနစ်ဖြင့် (၃)နှစ်သက်တမ်း(၁)နှစ် တစ်ကြိမ်စာချုပ်ဖြင့် ငှားရမ်းမည်ဖြစ်ပါသည်။
အဆိုပါ မြေအား(၂၂.၃.၂၀၂၁)နေ့ နောက်ဆုံးထား၍ အဆိုပြု လျှောက်လွှာ ဝယ်ယူရမည်ဖြစ်ပါသည်။ အဆိုပြုလွှာနှင့်အတူမိမိဌာနမှ ငွေစာရင်း Account ဖွင့်လှစ်ထားသောမြန်မာ့စီးပွားရေးဘဏ်တွင် Deposit ပေးသွင်းထားသော P.O Chequeပူးတွဲတင်ပြရပါမည်။ ၂၄.၃.၂၀၂၁ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါပွဲပြုလုပ်မည်ဖြစ်ပါသည်။
စိတ်ဝင်စားသူများသည် သတ်မှတ်ရက်အတွင်းအဆိုပြု လျှောက်လွှာ ဝယ်ယူနိုင်ပြီး ၎င်းရက်ထက်ကျော်လွန်ပါက လျှောက်လွှာများကိုရောင်းချမည် မဟုတ်ကြောင်းကြော်ငြာအပ်ပါ သည်။
အသေးစိတ်အချက်အလက်များကိုသိရှိလိုပါကဖုန်း၀၂-၄၀၃၆၃၃၈နှင့် စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးရုံး၊ မန္တလေးမြို့သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
တိုင်းဒေသကြီးဦးစီးမှူး
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့
စားသုံးသူရေးရာဦးစီးဌာန