Main menu

Background

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မှမြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည့်အခမ်းအနားသို့ တက်ရောက်

Mon, 03/22/2021 - 11:57 -- journal_editor

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ ၂၀၂၁ ခုနှစ်၊ မတ်၁၉ ရက်နေ့ နံနက်၁၀:၀၀ နာရီအချိန်တွင်ကျင်းပပြုလုပ်သည့် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ယှဉ်ပြိုင်မှုဥပဒေများအရ ဖွဲ့စည်းထားရှိသော မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်နှင့် ယှဉ်ပြိုင်မှုကော်မရှင်တို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအားရှင်းလင်းတင် ပြသည့်အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

             ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမို အဆင်ပြေချောမွေ့စေရေးအတွက် စားသုံးသူရေးရာကော်မတီများအား တိုးချဲ့ပြင်ဆင်ဖွဲ့စည်းရန်၊ တိုင်းဒေသကြီး/ ပြည်နယ်ကောင်စီများထံသို့ သွားရောက်၍ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးရန်၊ စားအုန်းဆီတင်သွင်းမှုကို လျှော့ချနိုင်ရေး အတွက် ပြည်တွင်းစားသုံးမှုပုံစံများကို အဓိကထားပြောင်းလဲရန်၊ ဆီစားသုံးမှုလျှော့ချရေးအတွက် နေ့စဉ်ထုတ်သတင်းစာများ၊ သတင်းမီဒီယာများမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများကို ကျယ် ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန်နှင့် ယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရေး ကြိုးပမ်းသွား ရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေရေးဆွဲပြဌာန်းမှု၊ စားသုံးသူရေးရာကော်မရှင်နှင့် ကော်မတီများဖွဲ့စည်းထားရှိမှု၊ စားသုံးသူရေးရာဆိုင်ရာအမှုကိစ္စများ ကိုင်တွယ်ဖြေရှင်းမှု အခြေအနေများနှင့် မြန်မာနိုင်ငံတွင် စားအုန်းဆီ တင်သွင်းမှု လျှော့ချရေး ဆောင်ရွက်ထားရှိမည့်အစီအမံများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

             ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ ယှဉ်ပြိုင်မှု ဥပဒေရေးဆွဲ ပြဌာန်းမှု၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဖွဲ့စည်းထားရှိမှု၊ ကော်မရှင်၏ လုပ်ငန်းများဆောင် ရွက်နေမှု၊ ပြည်တွင်း/ပြည်ပ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ယှဉ်ပြိုင်မှု ဆိုင်ရာအမှုကိစ္စများကိုင်တွယ်ဖြေရှင်းမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအား ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ သည်။

             အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန် ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။

MOC(IR)