Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မူပိုင်ခွင့်ဆိုင်ရာဥပဒေများအရ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲသို့တက်ရောက်

Tue, 03/30/2021 - 10:34 -- journal_editor

             စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ ၂၀၂၁ ခုနှစ်၊မတ်လ ၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင်ကျင်းပပြုလုပ်သော မူပိုင်ခွင့် ဦးစီးဌာန၏ မူပိုင်ခွင့်ဆိုင်ရာဥပဒေများအရ မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီမှ ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မူပိုင်ခွင့်ဦးစီးဌာနသည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သည့် ဌာနသစ်တစ်ခုဖြစ်ပါ ကြောင်း၊  မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ (၄) ရပ်အား စတင်အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ မူပိုင်ခွင့် ဆိုင်ရာဥပဒေများသည် အသစ်ဖြစ်သည့်အားလျှော်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်  ဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ များ၊ ရုံးအဆောက်အဦနှင့် ဘတ်ဂျက်ဆိုင်ရာကိစ္စများကို ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာဥပဒေများ အာဏာသက်ဝင်ရန်ဆောင် ရွက်ခြင်းနှင့် ကုန်အမှတ် တံဆိပ်မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လိုအပ် သည်များဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးမှ လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အမြဲတမ်း အတွင်းဝန်နှင့် မူပိုင်ခွင့်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ(၄) ရပ် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများ၊ နည်းဥပဒေရေးဆွဲခြင်း၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းအတွက်ပုံစံများ၊ အခကြေးငွေသတ်မှတ်နိုင်ရေးကိစ္စများနှင့် ဥပဒေအာဏာသက် ဝင်ရန် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး မှ  လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

          အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

MOC(IR)