Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း စားသုံးဆီတင်သွင်း၊ ဖြန့်ဖြူးရောင်းချမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်

Tue, 05/11/2021 - 11:36 -- journal_editor

            ၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်သည့် စားသုံး ဆီတင်သွင်း၊ ဖြန့်ဖြူးရောင်းချမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားသည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်တွင်း၌ ဆီထွက်သီးနှံ စိုက်ပျိုး ထွက်ရှိမှုနှင့် ထုတ်လုပ်မှုအခြေအနေများ၊ ကျန်းမာရေးနှင့် ညီညွတ်သည့်စားသုံးဆီများ ပြည်တွင်းသို့ တင်သွင်းဖြန့်ဖြူးရောင်းချ စေရေးအတွက် “စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်ရေးကော်မတီ” ဖွဲ့စည်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဈေးကွက်အတွင်း သင့်တင့်မျှတ သည့်ဈေးနှုန်းဖြင့်ရောင်းချရေး ထိန်းကျောင်းဆောင်ရွက် နေမှုအခြေအနေများ၊ စားသုံးသူပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ သုံးစွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ထွက်ပေါ်လာသည့်ရလဒ်များအပေါ် ဆောင်ရွက် ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ၊ ပြည်ပမှတင်သွင်းသည့် စားအုန်းဆီ အရည်အသွေး ပြင်ဆင်သတ်မှတ်ထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်း ပြောကြားသည်။

          မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကမ္ဘာ တစ်ဝန်း COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး စားအုန်းဆီဈေးနှုန်းမှာလည်း ယခင်နှစ်ထက်နှစ်ဆခန့်ပိုမိုမြင့်တက်ခဲ့ပါကြောင်း၊ စားအုန်းဆီအဓိက ထုတ်လုပ်သည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် လက်ကျန်လျော့နည်းလာပြီး စားအုန်းဆီ စက်ရုံများလည်း အပြည့်အဝလည်ပတ်နိုင်ခြင်း မရှိသေးသည့် အတွက် ထုတ်လုပ်မှုလျော့နည်းလျက် ရှိပါကြောင်း၊ COVID-19 ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွားမှုပြင်းထန်လာမှုကြောင့် အိန္ဒိယနိုင်ငံ အပါအဝင် ဥရောပနိုင်ငံများမှ  စားနပ်ရိက္ခာများကို ပိုမိုဝယ်ယူစုဆောင်းလာသည့်အတွက် ဝယ်လို အားများပြားလာပြီး ကမ္ဘာ့စားအုန်းဆီ ဈေးနှုန်းမြင့်တက်လျက်ရှိပါကြောင်း၊ အသင်းအနေဖြင့် စား သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့်ပူးပေါင်း၍ ပြည်သူများ စားသုံးဆီသုံးစွဲမှု မှန်ကန်စေ ရေး အသိပညာပေးဟောပြောပွဲများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများသင့်တင့်မျှတသည့် ဈေးနှုန်းဖြင့်ရောင်း ချစေရေး ဝိုင်းဝန်းထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး အနာဂတ်ကာလတွင် ထုတ်လုပ်မှု၊ တင်သွင်း မှု၊ ဖြန့်ဖြူးမှုအပိုင်းများတွင် ပိုမိုစနစ်တကျဖြစ်စေရေးနှင့် ထုပ်ပိုးမှုစနစ်များ ပိုမိုကောင်းမွန်လာစေ ရေးကြိုးပမ်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

          ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက  စားသုံးဆီ ထုတ်လုပ်မှု၊ တင်သွင်းမှု၊ ဖြန့်ဖြူးမှု အခြေအနေများအပေါ် ဝိုင်းဝန်းဆွေးနွေးကြပြီး လိုအပ်သည် များကို ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

           အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOC(IR)