Main menu

Background

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နေသည့်စက်ရုံများသို့ ကြည့်ရှုအားပေး

Fri, 05/14/2021 - 18:50 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးတို့သည်  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မေလ ၁၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိစက်မှုဇုန်၊ မဉ္ဇူသကလမ်းရှိ MYANMAR GOLDEN PRODUCE CO., LTD ၏ သစ်သီးဝလံ တန်ဖိုးမြှင့် ထုတ်လုပ်သည့် စက်ရုံသို့ ကြည့်ရှုစစ်ဆေးရာ MYANMAR GOLDEN PRODUCE CO.,LTD မှ ဒေါ်လဲ့လဲ့ဦးနှင့် တာဝန်ခံတို့မှ မြန်မာ့စိန်တစ်လုံးသရက်သီးအပါအဝင် သစ်သီးဝလံများအား တန်ဖိုးမြှင့် ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးမှုအခြေအနေများနှင့်ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ် အနက် စီးပွားရေးဦးတည်ချက် (၃)ရပ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု ကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများ ကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးဟူ၍ ချမှတ်ထားရာ  စိုက်ပျိုးရေးကို အခြေခံ သည့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်းများကို အားပေးမြှင့်တင်ရန် လာရောက်ကြည့်ရှုခြင်းဖြစ်ပါ ကြောင်း၊ ကုန်ကြမ်းစုဆောင်းမှု၊ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ ပြည်ပတင်ပို့မှု စသည့်ကဏ္ဍများ အလိုက် တွေ့ကြုံနေရသည်များကို ဆက်နွယ်သည့်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ့ထုတ်ကုန်များ ပြည်ပဈေးကွက်ရရှိရေး၊ ဈေးကွက်ခိုင်မာရေး၊ ဈေးကွက်သစ်များရရှိရေးတို့ကို ပြည်ပနိုင်ငံများ၌ ခန့်အပ်တာဝန်ပေးအပ်ထားသည့် စီးပွားရေးသံမှူး များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ ရေရှည်တည်တံ့ ထုတ်လုပ်တင်ပို့နိုင်ရန်အတွက် စိုက်ပျိုးရေးကဏ္ဍ၌ သွင်းအားစုများ၊ နည်းပညာများကို ပံ့ပိုးပေးနိုင်မည့် တတိယအဖွဲ့အစည်းပေါ်ပေါက်လာရေးကိုလည်း အားပေးမြှင့်တင်သွားရမည်ဖြစ်ပါကြောင်း လမ်းညွှန် မှာကြားပြီး စက်ရုံအတွင်းသို့ လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့ နယ်၊ ကြိမ်အင်းကျေးရွာ မြို့ရှောင်လမ်းရှိ MYANMAR AGRI FOODS CO.,LTD ၏ ဟင်းသီးဟင်းရွက် အခြောက်ခံစက်ရုံသို့ ရောက်ရှိကြပြီး စက်ရုံရှင်းလင်းဆောင်တွင် MYANMAR AGRI FOODS CO.,LTD မှ ဦးရဲမြင့်မောင်နှင့် တာဝန်ခံတို့က ဟင်းသီးဟင်းရွက်များအား တန်ဖိုးမြှင့်ထုတ်လုပ်နေသည့် အခြေ အနေများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက ဟင်းသီးဟင်းရွက် စိုက်ပျိုး သည့်တောင်သူများ၊ ဝင်ငွေတိုးတက်ရရှိပြီး ပြည်ပပို့ကုန် တိုးမြှင့်ရေးလုပ်ငန်းဖြစ်သည့်အတွက် လိုအပ် သည်များကို ကူညီပံ့ပိုးပေးရန် လာရောက်ကြည့်ရှုခြင်းဖြစ်ပါကြောင်း၊ ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုလွယ်ကူချောမွေ့စေရေးအတွက် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများဖွဲ့စည်းပြီး အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးသူတောင်သူနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သူတို့ အကြား အကျိုးတူလယ်ယာစနစ် ဆောင်ရွက်နေသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိပါ ကြောင်းနှင့် ယခုထက် ပိုမိုခိုင်မာအားကောင်းစေရန် စံပြုလုပ်ငန်းစဉ်အဆင့်ဆင့် ရေးဆွဲချမှတ်ပြီး စံနမူနာပြ အကောင်အထည်ဖော်ဆောင်ရွက်သွားစေလိုပါကြောင်း၊ ပြည်ပတင်ပို့မှုနှင့် ပတ်သက်ပြီး တွေ့ကြုံနေရသည်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်းသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိသည်။

MOC(IR)