Main menu

Background

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၁/၂၀၂၁) သို့ တက်ရောက်အမှာစကားပြောကြား

Fri, 05/14/2021 - 18:53 -- journal_editor

၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၁)၌ Video Conferencing စနစ်ဖြင့်ကျင်းပပြု လုပ်သည့် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်(၁/၂၀၂၁)သို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။

          မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အမှာ စကားပြောကြားရာတွင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများအပေါ် အကာ အကွယ်ပေးနိုင်မည့်ဥပဒေများ အခိုင်အမာဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ယှဉ်ပြိုင်မှုဥပဒေကို ၂၀၁၅ ခုနှစ်တွင် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပကုန်သွယ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးတို့အတွက် အထောက်အကူဖြစ်စေနိုင်သကဲ့သို့ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လည်း များစွာအထောက်အကူဖြစ်စေနိုင်ပါကြောင်း၊ မိမိတို့ ယှဉ်ပြိုင်မှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များသည် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့် အညီ အကာအကွယ်ပေးနိုင်မည့်ဆောင်ရွက်ချက်များ ဖြစ်စေရေးကိုလည်း အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ကော်မရှင်တွင်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များသာမက အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များပါပါဝင်သည့်အတွက် သက် ဆိုင်ရာနယ်ပယ်အလိုက် အတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်းဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ ကော်မရှင်ပုံမှန်အစည်းအဝေးကို ကျင်းပရာ (၂/၂၀၂၀) ကြိမ်မြောက် ပုံမှန် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လက်ခံရရှိထားသော တိုင်ကြားမှုများနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများစပ် လျဉ်း၍ ကော်မရှင်ရုံးတာဝန်ရှိသူက ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက ဖြည့် စွက်ဆွေးနွေးကာ အစည်းအဝေးကို (၁၆:၄၅) နာရီချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

          အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOC(IR)