Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနအား ကွင်းဆင်းကြည့်ရှု့

Mon, 05/17/2021 - 11:55 -- journal_editor

     ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည်  ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မကွေးတိုင်းဒေသကြီး အတွင်းရှိ ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

          ရှေးဦးစွာ တာဝန်ရှိသူများက ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနအတွင်း ခင်းကျင်းပြသထားသည့် မကွေးတိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ဒေသထုတ်ကုန်များကို အသေးစိတ်လိုက်လံရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကုန်သွယ်မှုဗဟိုဌာနကို အခြေပြု၍ ဒေသတွင်းကုန်သွယ်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိစေရေး၊ ပြည်ပဈေးကွက်ဝယ်လက်များနှင့် ချိတ်ဆက်ပေးနိုင်ရေးအတွက် ကြိုပမ်း ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို လမ်းညွှန်မှာကြားခဲ့သည်။

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ပြင်ဆင်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး နောက် ရုံးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအပေါ် လုပ်ငန်းလမ်းညွှန်မှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်လုင်းပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

MOC(IR)