Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Wed, 05/19/2021 - 13:01 -- journal_editor

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပ ပြုလုပ်သည့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စ ရပ်များ၊ မူပိုင်ခွင့်ဥပဒေဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပြည်တွင်း ကုန်စည် စီးဆင်းမှုအခြေအနေများနှင့်ပတ်သက်၍ အပတ်စဉ်ကျင်းပပြုလုပ်သည့် ဝန်ကြီးဌာနတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

          ရှေးဦးစွာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စားသုံး သူကာကွယ်ရေးဥပဒေအရ စားသုံးသူ များကြုံတွေ့နေရသည့် အခက်အခဲများကို တိုင်ကြားနိုင် ရေးအတွက် Consumer Call Center အကောင်အထည်ဖော်ဆောင်ရွက်ထားမှုအခြေအနေ များ၊ စိုက်ပျိုးမွေးမြူရေးအခြေခံထုတ်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင် ရေးဆိုင်ရာကိစ္စရပ်များ၊ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ၊ ဒူဘိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Dubai Expo 2020 သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များပါဝင်ပြသရေးဆိုင်ရာကိစ္စရပ်များ၊ ဆီထွက်သီးနှံနှင့် စားသုံးဆီ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒ မူဘောင် တစ်ရပ်ဖြစ်ပေါ်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကဏ္ဍအလိုက်အသီးသီး ဆွေးနွေးတင်ပြခဲ့ပါသည်။

          ထို့နောက်ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနများမှ တင်ပြချက်များနှင့်စပ်လျဉ်း၍ နယ်စပ် ကုန်သွယ်မှုတွင် စိုက်ပျိုးမွေးမြူရေးအခြေခံထုတ်ကုန်များ စျေးနှုန်းမှန်ရရှိအောင် ဆောင်ရွက် ပေးရန်နှင့် မိမိနိုင်ငံမှ လယ်ယာ ထွက်ကုန် များ အရည်အသွေးပြည့်မီစွာ တင်ပို့နိုင်ရေး ဆောင်ရွက် ပေးရမည့် ကိစ္စရပ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက် နာအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ အား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

MOC(IR)