Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင် အခကြေးငွေဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Wed, 05/26/2021 - 11:30 -- journal_editor

            ၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ (၁)၌ ကျင်းပ ပြုလုပ်သည့် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင် အခကြေး ငွေဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာ စကားပြောကြား ခဲ့သည်။

          ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မူပိုင်ခွင့်ဦးစီးဌာနအား နေပြည် တော်ရုံးချုပ်နှင့် ရန်ကုန်၊ မန္တလေးတွင်ဌာနခွဲများ ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မူပိုင်ခွင့်ဦးစီးဌာန ရုံးအဆောက်အဦတည်ဆောက်ရေး၊ ဝန်ထမ်းအင် အားဖြည့်တင်းရေးနှင့် ဝန်ထမ်းများအနေဖြင့် မိမိဌာန၏လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိစေ ရန်အတွက် ဌာနတွင်းဟောပြောပွဲများ၊ Case Study များ ဆောင်ရွက်သွားရန်နှင့် ယှဉ်ပြိုင်မှုဥပဒေ ဆိုင်ရာလုပ်ငန်းများကိုလည်း ပါဝင်ဆွေးနွေးသွားရန်လိုကြောင်း၊ လိုအပ်ပါက ပညာရှင်များခေါ် ယူဖိတ်ကြား ဆောင်ရွက်သွားရန်လိုကြောင်းနှင့် မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ဌာနအသစ်ဖြစ်၍ ဆောင်ရွက်ရ မည့်လုပ်ငန်းများစွာရှိနေ၍ ဝန်ကြီးဌာနရှိ ကျန်ဦးစီးဌာနများမှလည်း လိုအပ်သည် များ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

          ထိုနောက် ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းတို့က မူပိုင် ခွင့်ဦးစီးဌာနနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြပြီး မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မူပိုင်ခွင့်ဦးစီးဌာန၏ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ ဆောင်ရွက် နေမှုများနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပြီး တင်ပြချက် များအပေါ် ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က လိုအပ်သည်များ ဖြည့်စွက်ပြောကြား ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

          အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

MOC(IR)