Main menu

Background

စားသုံးဆီတင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ ပိုမိုစနစ်တကျဖြစ်စေရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

Wed, 05/26/2021 - 11:35 -- journal_editor

         စားသုံးသူပြည်သူများ ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေးအတွက် စားသုံးဆီတင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း များပိုမိုစနစ်တကျဖြစ်စေရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက်နေ့ နံနက်  (၁၀:၀၀) နာရီတွင် ရန်ကုန်မြို့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည်။

          အစည်းအဝေးတွင် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဌ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက မိမိတို့နိုင်ငံတွင် စားသုံးဆီသုံး စွဲမှုမှာ တစ်နှစ်လျှင် တန်ချိန် (၁.၂) သန်းခန့် သုံးစွဲလျက်ရှိပြီး ထုတ်လုပ်မှုမှာ တန်ချိန် (၄) သိန်းဝန်း ကျင်ခန့်ရှိသဖြင့် ပြည်ပမှနှစ်စဉ် တန်ချိန် (၈) သိန်းခန့် တင်သွင်းနေရပါကြောင်း၊ ပြည်ပမှတင်သွင်း သည့် စားသုံးဆီများ နိုင်ငံတော်မှသတ်မှတ်ထားသည့် စံချိန် စံညွှန်း အရည်အသွေးများနှင့်အညီဖြစ် စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စားသုံးဆီ ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးသည့် လုပ်ငန်းစဉ်တစ်လျှောက် ပိုမိုစနစ်တကျရှိစေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပပြု လုပ်ခဲ့ပြီး၊ ရရှိလာသည့် ဖော်ထုတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စားသုံး ဆီလက်ကား ဖြန့်ဖြူးခြင်းအပိုင်းတွင် သန့်ရှင်းသပ်ရပ်ပြီး ကုန်အမှတ်တံဆိပ်များ ပါဝင်သည့် Food Grade ပေပါ များဖြင့် ဖြန့်ဖြူး စေရေး၊  ဈေးကွက်အတွင်း လက်လီရောင်းချမှုအပိုင်းတွင် Consumer Pack များ ဖြင့် ရောင်းချလာစေရေးအတွက် သင့်တော်သည့်အချိန်တွင် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေး နှင့်ညီညွတ်သည့် စားသုံးဆီများကို သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ကျရာကဏ္ဍမှနေ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ ကြသည်။

           ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက စားသုံးဆီ လက်ကားဖြန့်ဖြူး ခြင်းနှင့် ဈေးကွက်အတွင်း လက်လီရောင်းချမှုများ ပိုမိုစနစ်တကျဖြစ်စေရေးအတွက် အချိန်ကာလ အလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပါသည်။

           အစည်းအဝေးသို့ စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီဥက္ကဌ၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြား ရေးမှူးချုပ်၊ မြန်မာ့ကုန်ပစ္စည်း စစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက် မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ ပြည်ပမှ ဆီတင်သွင်း ဖြန့်ဖြူးနေသည့်ကုမ္ပဏီများ တက်ရောက်ကြောင်း သတင်းရရှိ သည်။

MOC(IR)